သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန်၏ အဓိကရေနံဗဟိုချက် ခါ့ဂ်ကျွန်းရှိ စစ်ရေးပစ်မှတ်များကို အမေရိကန် ဗုံးကြဲတိုက်ခိုက်‎


‎AB News – မတ် ၁၄၊ ၂၀၂၆

‎အီရန်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက်နေသော ခါ့ဂ်ကျွန်း (Kharg Island) ပေါ်ရှိ စစ်ရေးပစ်မှတ်များကို အမေရိကန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လိုက်ကြောင်း AFP နှင့် CNA သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

‎အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုတိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်း စစ်ရေးသမိုင်းတွင် အကြီးမားဆုံးသော ပစ်ခတ်ချေမှုန်းမှုတစ်ခုဖြစ်ပြီး ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တိုင်းကို အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့ကြောင်း လူမှုမီဒီယာမှတဆင့် အတည်ပြုပြောကြားခဲ့သည်။

‎သို့သော်လည်း ကျွန်းပေါ်ရှိ ရေနံအခြေခံအဆောက်အအုံများကို လတ်တလောတွင် ထိခိုက်မှုမရှိစေဘဲ ချန်လှပ်ထားခဲ့သည်ဟု ဆိုသည်။

‎သမ္မတထရမ့်က အီရန် သို့မဟုတ် အ​​ခြားမည်သူမဆို ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများ လွတ်လပ်စွာ ဖြတ်သန်းသွားလာမှုကို နှောက်ယှက်လာပါက ဆီသို​လှောင်ကန်များကို မတိုက်ခိုက်ဘဲ ချန်လှန်ထားခဲ့သော ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်မည်ဟု သတိပေးပြောဆိုခဲ့သည်။

‎ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ရေနံဈေးကွက် အဝင်ပြတ်တောက်မှု ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။

‎ထို့ကြောင့် ကမ္ဘာ့ရေနံဈေးကွက်အတွင်း ဈေးနှုန်းများ အတက်အကျ မြန်ဆန်လျှက်ရှိပြီး ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ