သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ယာယီအစိုးရ တာဝန်ပြီးဆုံးပြီးနောက် မူလတာဝန်များကို ယူနွတ်စ် ပြန်လည်ထမ်းဆောင်



‎AB News – ဖေဖော်ဝါရီ ၂၃၊၂၀၂၆

‎ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယာယီအစိုးရအဖွဲ့အား ၁၈ လကြာ တာဝန်ယူ ဦးဆောင်ခဲ့သည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမတ်ဒ်ယူနွတ်စ်သည် ၎င်း၏ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် Yunus Centre ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

‎ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဒါကာမြို့ရှိ Telecom Bhaban ကို ရောက်ရှိလာချိန် ပရော်ဖက်ဆာယူနွတ်စ်ကို လုပ်ဖော်ကိုင်ဖက်များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

‎ပရော်ဖက်ဆာယူနွတ်စ်အနေဖြင့် ပြန်လည်ထမ်းဆောင်မည့် မူလတာဝန်တွေများမှာ ၎င်းကိုယ်တိုင်တည်ထောင်ထားသော Yunus Centre ၏ ဥက္ကဋ္ဌတာဝန်၊ Grameen အဖွဲ့အစည်းတွင် အကြံပေးနှင့် ဦးဆောင်သူတာဝန်များ ဖြစ်သည်။

‎အဓိကအားဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းများနှင့် အမြတ်ထက်လူမှုအကျိုးပြုကို ရှေ့တန်းတင်သော လူမှုစီးပွားရေး (Social Business) လုပ်ငန်းများကို ပြန်လည်ဦးဆောင်သွားမည် ဖြစ်သည်။

‎ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP)မှ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

‎မဲအနိုင်ရရှိခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP) ပါတီမှာ အစိုးရဖွဲ့ခွင့် ရရှိမည်ဖြစ်၍ ပါတီခေါင်းဆောင်သူဖြစ်သူ အသက် ၆၀ အရွယ် တာရစ်ရာမန် (Tarique Rahman) ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

‎Tarique Rahman သည် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ဒါကာစစ်တပ်နယ်မြေထဲမှ လက်နက်ကိုင်တပ်ဖွဲ့များဌာနချုပ်တွင် ရှိသော ဝန်ကြီးချုပ်ရုံးခန်းကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရုံးထိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြသည်။

‎ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အစိုးရအသစ်ဖွဲ့စည်းပြီးနောက် စစ်တပ်၏ ထိပ်တန်းအရာရှိအချို့ အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ