
AB News – ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးကျေးရွာ ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၁၈ ဦးအထိရှိလာကြောင့် လူမှုကယ်ဆယ်ရေးလုပ်သူများထံမှ သိရသည်။
ယမန်နေ့၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်က စစ်ဘေးရှောင်ပြည်သူများ ခိုလုံနေသည့် ယိုးငူကျေးရွာကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ယနေ့တွင် ထပ်တိုး ၁ ဦး သေဆုံးကာ စုစုပေါင်းသေဆုံးသူ ၁၈ ဦးအထိရှိလာကြောင်း သိရသည်။
ထို့ပြင် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၃ ဦးအပါအဝင် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ရသည်။
စစ်ကော်မရှင်တပ်က ယိုးငူကျေးရွာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ပေါင် ၃၀၀ ဗုံးအပါအဝင် မီးလောင်ဗုံးပါ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အတွက် နေအိမ်များနှင့် စျေးဆိုင်တန်းများ မီးလောင်ပျက်စီးခဲ့ရသည်။
ပုံစာ – ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား မြင်တွေ့ရစဉ်။