သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူလူမျိုးသတင်းစာဆရာတစ်ဦးနှင့် ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦး တ​နေ့တည်းတွင် သတ်​​ဖြတ်ခံရ

AB News – ဇန်နဝါရီ ၇၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူလူမျိုး သတင်းစာဆရာတစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီ ၅ရက်နေ့ တစ်ရက်တည်းတွင် သတ်ဖြတ်ခံရကြောင်းသိရသည်။

သတ်ဖြတ်ခံရသော ဟိန္ဒူလူမျိုးသတင်းစာဆရာမှာ လက်ရှိတွင် Narali မှ ထုတ်ဝေသော ” Dainik BD Khobor” သတင်းစာ၏ ယာယီအယ်ဒီတာအဖြစ်တာဝန်ယူလုပ်ကိုင်နေသော အသက် ၃၈ နှစ်အရွယ် ရာနာပရာတက် ဘိုင်ရာဂျီ ဆိုသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘိုင်ရာဂျီသည် မိုနီရမ်ပူရ်၊ ကာပါလီယာဘဇားရှိ ၎င်းပိုင်ဆိုင်သော ရေခဲထုတ်လုပ်သည့်စက်ရုံတွင် အလုပ် လုပ်နေစဥ် သတ်ဖြတ်ခံလိုက်ရကြောင်း သတင်းအရင်းမြစ်များမှတဆင့်သိရသည်။

ဖြစ်စဥ်မှာ ဘိုင်ရာဂျီသည် အလုပ်ရုံတွင် လုပ်ကိုင်နေစဥ် မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော အမည်မသိ သေနတ်သမား ၃ ဦးက ၎င်းအား အလုပ်ရုံအပြင်ဖက်သို့ အတင်းအဓမ္မ ဆွဲခေါ်ကာ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ပြီး လည်ပင်းကိုလည်း ဓားဖြင့် ရက်ရက်စက်စက် လှီးဖြတ်၍ သတ်ဖြတ်ခဲ့ကြောင်းကို မိုနီရမ်ပူ ရဲစခန်းတာဝန်ရှိသူက ဆိုသည်။

ယခုလို အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဥ်ကို ကမ္ဘာ စာနယ်ဇင်းဆိုင်ရာ အမှတ်အသားလှုပ်ရှားမှုအဖွဲ့  Press Emblem Campaign (PEC) က ပြင်းထန်စွာရှုတ်ချခဲ့ပြီး ဥပဒေအရ ရာဇဝတ်သားများကို ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူအပြစ်ပေးဆောင်ရွတ်ရန်တောင်းဆိုထားသည်။

ထို့ပြင် ဟိန္ဒူလူမျိုးကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ဆာရတ် မနီ ဆိုသူလည်း အဆိုပါ ဇန်နဝါရီ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် သတ်ဖြတ်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင်ဖော်ပြခဲ့သည်။

ဆာရတ် မနီကို Narsingdi ခရိုင်တွင် ချွန်ထက်သောလက်နက်များဖြင့်တိုက်ခိုက်ခံရပြီးနောက် ဒေသခံများက ၎င်းကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသော်လည်း လမ်းတွင် ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူတွင် ဇနီးသည်ဖြစ်သူနှင့် အသက် ၁၂ နှစ်အရွယ် သား Abhik Chakraborty တို့ကျန်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ သတ်ဖြတ်ခံရမှုအကြောင်းအရင်းများကို လက်ရှိတွင် မသိရှိရသေးသော်လည်း နိုင်ငံ၏ စုစုပေါင်းလူဦးရေ (၇.၅၉) ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် ၁၃ သန်းကျော်သာရှိသည် ဟိန္ဒူလူမျိုးများနှင့် လူနည်းစု ဌာနေတိုင်းရင်းသားလူမျိုးများသည် အစွန်းရောက် ဘင်္ဂလီများ၏ အကြမ်းဖတ်မှုများကို မကြာခဏ ရင်ဆိုင်ကြုံတွေ့နေကြောင်းကို ဒေသခံသတင်းအရင်းမြစ်မှ တဆင့်သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင် အသက် (၅ဝ ) အရွယ် Khokon Chandra Das အား ခုတ်ထစ်သတ်ဖြတ်ပြီး မီးရှို့ခံရမှုကြောင့် သေဆုံးခဲ့ရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၄ ရက်နေ့တွင် ဟိန္ဒူအမျိုးသားတစ်ဦးဖြစ်သူ Amrit Mondal ကို Rajbari မြို့၊ Pangsha မြို့နယ်တွင် အတင်းအားဓမ္မ ငွေညှစ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

​ထို့ပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း Mymensingh မြို့တွင်  Rabi Chandra Das ၏ သားဖြစ်သူ Dipu Chandra Dass အား တမန်တော် မူဟာမတ်ကို ပုတ်ခတ်စော်ကားပြောဆိုသည်ဟု စွပ်စွဲချက်ဖြင့် လူအုပ်ရှေ့တွင် အဝတ်ချွတ်ပြီး ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ