သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးမိတ်မြို့ကို ပြန်လည်ဝင်ရောက်မည် စကမ စစ်ကြောင်း လမ်းခုလတ်တွင် တိုက်ခိုက်ခံရ

AB News – ဒီဇင်ဘာ ၁၊ ၂၀၂၅
မောင်လိုကီ

TNLA နှင့် အပစ်ခတ်ရပ်ဆဲပြီး ပြန်လည်ထိန်းချုပ်ရန် သဘောတူညီမှု ရရှိခဲ့သော မိုးမိတ်မြို့ကို ဝင်ရောက်လာသည့် စကမ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် တော်လှန်ရေးတပ်ပေါင်းစုများက မိုးကုတ်နှင့် မိုးမိတ်မြို့သွားရာ လမ်းကြား လမ်းခုလတ်တစ်‌နေရာတွင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

၎င်းတိုက်ပွဲမှာ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် ညနေ ၈ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စကမ စစ်ကြောင်းမှာ မိုးကုတ်မြို့မှ မိုးမိတ်သို့ချီတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးမိတ်မြို့မှာ ရှမ်းမြောက်ဘက်ရှိ KIA ထိန်းချုပ်နယ်မြေများနှင့် ထိစပ်နေသည့်အတွက် စကမနှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲများဖြစ်လာလျှင် KIA တပ်က တော်လှန်ရေးတပ်ပေါင်းဘက်မှနေပြီး ဝင်ရောက်တိုက်ခိုက်ပေးမည်သွားဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“သူတို့ တိုက်ပွဲဖြစ်တဲ့အချိန် ကူညီရမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ကျွန်‌တော်တို့ဘက်ကို ကူးမသွားအောင်လို့တော့ ကျွန်တော်တို့လည်း ကူညီရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘက်က အကောင်အထည်ဖော်တဲ့ တိုက်ပွဲတွေ ကတော့ မရှိလောက်ဘူး ထင်တယ်။ မိုးမိတ်ဘက်မှာတော့ ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့မြို့ဆိုတော့ စစ်ရေးအခြေအနေအရ သတိထားဖို့တော့ လိုပါမယ်” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက BBC သတင်းဌာနကို ပြောဆိုထားသည်။

တရုတ်၏ကြားဝင် စွတ်ဖက်မှုကြောင့် TNLA နှင့် စကမတို့ အပစ်ခတ်ရပ်ဆဲပြီးနောက် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကို စကမထံ ပြန်လည်အပ်နှံရန် TNLA က သဘောတူညီခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက် ညနေ့ပိုင်းမှစ၍ မိုးကုတ်မြို့တွင်းသို့ စတင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုးမိတ်မြို့ကို TNLAနှင့် မဟာမိတ်တပ်ပေါင်းစုများက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေဖြင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ