သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်နှင့် အပစ်အခတ် ရပ်စဲထားသည့် PSLF/TNLA ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

AB News – နိုဝင်ဘာ ၁၀၊၂၀၂၅
မောင်လိုကီ

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ် တောင်ကျော်ရွာမကျေးရွာ၌ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် ရဲတပ်ဖွဲ့က ဒေသတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတွေ့ဆုံပွဲကို နိုဝင်ဘာလ ၇ ရက်တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးလုပ်ငန်းများ၊ ‌‌‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ၊ တရားစီရင်ရေးဌာန လုပ်ငန်းများ၊ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာသည့် မိဘပြည်သူများ၏ မေးမြန်းသည့်မေးခွန်းများကို သက်ဆိုင်ရာတာ၀န်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ အပြန်အလှန်ဆွေးနွေးခဲ့ကြရာ သဘောတူညီမှုများရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲကို နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနနှင့် တရားစီရင်ရေးဌာနတို့လည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး နမ့်ဆန်ခရိုင် ဗိုလ်မှူး တားဂေါင်ငျံရ်၊ ကျောက်မဲခရိုင် ဗိုလ်မှူး တားဒုံးကျည်နှင့် သက်ဆိုင်ရာရုံးအရာရှိများ၊ ရှေ့နေများအပါအဝင် မိဘပြည်သူလူထုများ၊ ရပ်ရွာလူငယ်များ စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြ‌ကြောင်းကိုလည်း သိရှိရသည်။

တအောင်းတပ် TNLA သည် ပြီးခဲသည့် အောက်တိုဘာလ၂၉ရက်နေ့တွင် စစ်ကော်မရှင်နှင့် အပစ်ခတ်ရပ်ဆဲရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့သည်။

TNLAနှင့် တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထား‌သော မိုးကုတ်မြို့ကို TNLA မှ လာမည့် နိုဝင်ဘာလ ၂၅ရက်နေ့တွင် စကမ ထံ လွဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

TNLAနှင့် အပစ်ခတ်ရပ်ဆဲပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်သည် ရက္ခိုင်ဘက်ကို စစ်မျက်နှာဖွင့်၍ ထိုးနှက်မှုများပြုလာခြင်းကြောင်း အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု အရင်ထက် ပိုမိုများပြားလာခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်