သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့တွင် နေအိမ်တွင်းသို့ဆိုင်ကယ်ဝင်တိုက်၍ သက်ကြီးပိုင်အမျိုးသမီးတစ်ဦးအပြင်း အထန်ဒဏ်ရာရ

AB News အောက်တိုဘာ ၂၀၊၂၀၂၅
ဖြိုးဇော်

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် နေအိမ်တွင်းသို့ ဆိုင်ကယ်ဝင်တိုက်မှုဖြစ်ပွား၍ သက်ကြီးပိုင်းအမျိုးသမီး ၁ဦး အပြင်းအထန်ဒဏ်ရာရသွားကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူမှာ တောင်ကုတ်မြို့နယ် နတ်ကန် ရွာမှ အသက် ၆၅နှစ်အရွယ် ဒေါ်တင်စိန် ဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၁၉ရက် ညနေ ၅နာရီ ၃၀မိနစ်တွင် တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။

ထိခိုက်နစ်နာသူမှာ နဖူးကွဲထွက်သွားပြီး ယခုလက်ရှိ နီးစပ်ရာဆေးရုံးတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။

၎င်းမှာ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်နေ ဒေါ်ရီရီစိန် အိမ်သို့ အလည်လာသူဖြစ်ပြီး ယာဉ်တိုက်သူမှာ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်နေ ‌ဦးအောင်ကျော်စိုး (ခ)လပုတောင်ဖြစ်ကြောင်း သိရသည်။

ယာဉ်‌မောင်းသူမှာ အရက်သေစာ သောက်စားထားပြီး မေပိုးဝါ လမ်းအတိုင်းမောင်းနှင်လာရာမှ ဦးဥတ္တမလမ်းသို့‌ လမ်းလေးခွဆုံ အရောက်တွင် ဘရိတ်မထိန်းနိုင်ဘဲ ဒေါ်ရီရီစိန်နေအိမ်ထဲသို့ထိုးဝင်သွားရာမှ ဒေါ်တင်စိန်အား ၀င်တိုက်ခြင်းဖြစ်‌ကြောင်းသိရသည်။

၎င်းမှာလည်း ဘယ်ဘက်မျက်ခုံးနှင့် မေးစေ့တွင် ဒဏ်ရာရသွားပြီး ပါးစပ်နှင့် ဦးခေါင်းတို့မှ သွေးများထွက်နေကြောင်း ဒေသဆိုင်ရာသတင်းရင်းမြစ်များမှသိရသည်။

အဆိုပါ ယာဉ်မောင်းသူကို တောင်ကုတ်မြို့ DLEPS အဖွဲ့က ဥပဒေနှင့်အညီလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း တောင်ကုတ်တွင် ဆိုင်ကယ်တိုက်မှုဖြစ်၍ အမျိုးသား ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း သိရပါသည်။

တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ၂ လကျော်ကာလအတွင်း ဆိုင်ကယ်တိုက်မှုဖြင့် ၂ ဦး သေဆုံးကာ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ