သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျ မြန်မာအကျဥ်းသား ၁၆၂ ဦးကို ကော့သောင်းဘက်သို့ ပို့ဆောင်



‎AB News – သြဂုတ် ၁၊ ၂၀၂၅
‎ဒေဝီ

‎ထိုင်းနိုင်ငံ၌ ပြစ်ဒဏ်ကျခံနေရသည့် မြန်မာအကျဥ်းသား ၁၆၂ ဦးကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ရှိ လှေဆိပ်သို့ နှစ်နိုင်ငံတာဝန်ရှိသူများက ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့တွင် လွှဲပြောင်း ပို့ဆောင်ခဲ့ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။

‎ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ပန်းနားရပ်ကွက်ရှိ စူလ်ကာကော် လှေဆိပ်မှတဆင့် ပြစ်ဒဏ်ကျ မြန်မာနိုင်ငံသား ၁၆၂ ဦးကို မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

‎အလားတူ ထိုင်းနိုင်ငံက ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က ပြစ်ဒဏ်ကျ အမျိုးသား ၁၀၄ ဦး နှင့် အမျိုးသမီး ၂၇ ဦးတို့ကို လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ရက်ပိုင်းအကြာ ဇွန် ၃၀ ရက်နေ့ကလည်း ပြစဲဒဏ်ကျ အကျဥ်းသား ၉၈ ဦးတို့ကို မြန်မာနိုင်ငံသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

‎အဆိုပါ ထိုင်းနိုင်ငံက နေရပ်သို့ ပြန်ပို့ခံရသည့် မြန်မာအကျဥ်းသားများတွင် အသက် ၁၈ နှစ်နှင့် ၄၀ ကြားရှိ အမျိုးသားများကို စစ်ကောင်စီက ကော့သောင်းမြို့နယ်ရှိ ၎င်း၏ တပ်ရင်းများသို့ စစ်မှုထမ်း လူသစ်စုဆောင်းရန် ခေါ်ဆောင်နေကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ