သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး စတင် ဆွေးနွေး

AB News – ဇူလိုင် ၂၈၊ ၂၀၂၅
နွယ်စိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးခြိမ်းခြောက်မှုများကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ယနေ့ ဇူလိုင် ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် စတင်ခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

အမေရိကန်၏ ဖိအားပေးမှုနှင့် အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားဝန်ကြီးချုပ်၏ ကြားဝင်စေ့စပ်မှုတို့ဖြင့် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၄ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ထိုင်း-ကမ္ဘောဒီးယား အငြင်းပွားနယ်စပ်ပြဿနာနှင့် စစ်ပွဲကို ပြေလည်စေရန် ဒေါ်နယ်ထရမ့်က ဖိအားပေးခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲ ဓာတ်ပုံမှတ်တမ်းများအရ မလေးရှားက အလယ်တွင် ဦးဆောင်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယား ကိုယ်စားလှယ်များက ရှေ့တွင်ထိုင်ကာ အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များက နောက်ဘက်တွင် ပါဝင်ဆွေးနွေးနေကြောင်း တွေ့ရသည်။

အမေရိကန်၊ မလေးရှားနှင့် တရုတ်တို့ရှေ့မှောက်တွင် ထိုင်း-ကမ္ဘောဒီးယား စစ်ပွဲ အဆုံးသတ်ရေးနှင့် နယ်စပ်ပြဿနာ အငြင်းပွားမှု ပြေလည်ရေးအတွက် ဆွေးနွေးလျက်ရှိပြီး ဆွေးနွေးပွဲရလဒ်များမှာမူ ထွက်ပေါ်လာခြင်း မရှိသေးပေ။

ထိုင်းစစ်တပ်၏ ဇူလိုင် ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ထိုင်းအရပ်သား ၁၄ ဦးနှင့် စစ်သား ၈ ဦး သေဆုံးခဲ့ပြီး ထိုင်းလူမျိုး ၁၄၀,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

နှစ်နိုင်ငံနယ်စပ်ပဋိပက္ခကြောင့် ၃၅ ဦးထက်မနည်း သေဆုံးပြီး ၂၂၀,၀၀၀ ခန့် နေရပ်စွန့်ခွာနေရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ