သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယား‌ရွှေပြောင်းလုပ်သား ၅ ထောင်ကျော် နေရပ်ပြန်

AB News – ဇူလိုင် ၂၆၊ ၂၀၂၅
မျိုးဟိန်း

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်ရေးတင်းမာမှုကြောင့် ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေကြသည့် ကမ္ဘောဒီးယားနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား ၅ ထောင်ကျော်မှာ ချန်ထဘူရီစစ်ဆေးရေးဂိတ်မှ တဆင့် ၎င်းတို့၏နိုင်ငံသို့ ထွက်ခွာသွားသည်ဟု ထိုင်းအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Khaosod တွင် ဖော်ပြထားသည်။

ထိုသို့ ရွေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာနိုင်ရန် ချန်ထဘူရီစစ်ဆေးရေးဂိတ်အား ဖွင့်လှစ်ပစ်ပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသော ကမ္ဘောဒီးယားနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား ၅ သိန်းကျော်ရှိသည်ဟု ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း နှစ်နိုင်ငံနယ်စပ်တွင် ပထမအကြိမ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ယခုပစ်ခတ်မှုမှာ ဒုယတိအကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားသည် ကီလိုမီတာ ၈၀၀ ခန့်အရှည်ထိ နယ်နမိတ်ချင်းထိစပ်နေပြီး နှစ်နိုင်ငံကြား ပဋိပက္ခများသည့် နှစ်သက်တမ်း ၁ ထောင်ခန့်ရှိ Preah Vihear ဘုရားကျောင်းပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်တွင်ရှိသည့် Ubon Ratchathani ပြည်နယ်ရှိ Chong Bok နှင့် Phu Makhuea ဒေသများ၊ Surin ပြည်နယ် Phanom Dong Rak ခရိုင်တို့တွင် ယမန်နေ့နံနက် ၄ နာရီခန့်မှစ၍ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ