သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ULFA-I စခန်းကို ဗုံးကြဲပြီးနောက် အိန္ဒိယထောက်လှန်း‌ရေးအကြီးအကဲ စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းနှင့်နေပြည်တော်တွင်လာရောက်တွေ့ဆုံ

AB News-ဇူလိုင် ၁၇၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိသည့် အာသန်သူပုန် (ULFA-I) စခန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် အိန္ဒိယက ဒရုန်းဖြင့်တိုက်ခိုက်မှုအပြီး ယမန်နေ့က အိန္ဒိယထောက်လှမ်းရေးအကြီးအကဲ နေပြည်တော်သို့ လာရောက်၍ စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့က အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယစစ်ဦးစီးချုပ် Lieutenant General Shrinjay Pratap Singh ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း CNI သတင်းဌာနတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုဒုရုန်းတိုက်ခိုက်မှုကြောင့် ULFA-I မှ ခေါင်းဆောင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး နိုင်ယန်အာဆု(ခေါ်) နေယန်မက်ဒီ၊ ဗိုလ်မှူးချုပ် လာဟွန်(ခေါ်)ဂါနက်ရှ်အာဆု၊ ဗိုလ်မှူးကြီးပရာဒစ်အာဆု အပါအဝင် ရဲဘော်နှစ်ဦး သေဆုံးခဲ့ရပြီး အိန္ဒိယကိုပြန်လည်တိုက်ခိုက်သွားမည်ဟု ULFA-I က ၂၀၂၅ ၊ ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

အိန္ဒိယထောက်လှမ်းရေးအကြီးအကဲကို နေပြည်တော် ဘုရင့်နှောင်ရိပ်သာ ဧည့်ခန်းမ၌ ယမန်နေ့ ဇူလိုင် ၁၆ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းမှ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အိန္ဒိယ- မြန်မာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးဆိုင်ရာ လုပ်ငန်းများတွင် အတူတကွပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေး ကိစ္စများကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အိန္ဒိယထောက်လှမ်းရေးအကြီးအကဲနှင့် စစ်ကောင်စီ ဒုဥက္ကဌ စိုးဝင်းတို့ တွေ့ဆုံမှုတွင် စစ်ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခ) ဗိုလ်ချုပ်ကြီးရဲဝင်းလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်