AB News – ဩဂုတ် ၃၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ နှစ်ဦးတွေ့ဆုံခဲ့သည်ဟုသာ ဖော်ပြထားပြီး ဆွေးနွေးခဲ့သည့် အကြောင်းအရာအသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသေးသလို၊ တွေ့ဆုံမှုပြုလုပ်ခဲ့သည့် နေရာနှင့်ပတ်သက်၍လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ICRC သည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံထားရသူများ၏ အခြေအနေများကို စောင့်ကြည့်လေ့လာနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းလျက်ရှိသည်။
ယခုတွေ့ဆုံမှုသည် ICRC ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေသည့် ကာလအတွင်း ထွက်ပေါ်လာခြင်းဖြစ်သော်လည်း၊ တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သက်ဆိုင်ရာဘက်များက ထုတ်ဖော်ပြောကြားမရှိသေးပေ။



