သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန်ကို ကျော်၍ ကမ္ဘာ့ထိပ်တန်းနေရာသို့ တရုတ်နိုင်ငံ ရောက်ရှိလာမည်ဟု မဟာသီယာ မိုဟာမက် ပြော

AB News – ဇွန် ၃ ၊ ၂၀၂၅
နွယ်စိုး

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံထက် ကမ္ဘာ့ထိပ်တန်း နံပတ် ၁ နေရာသို့ ရောက်ရှိလာရန် အဆင့်သင်ဖြစ်နေကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်မှ ပြောကြားခဲ့ကာ အမေရိကန်ပြည်ထောင်စုသည် ဒေါ်နယ်ထရမ့်၏ နိုင်ငံရေးမူဝါဒများကြောင့် ယှဉ်ပြိုင်ရန် အရည်အချင်းမရှိဟု ပြောဆိုလိုက်သည်။

တိုကျိုတွင် ပြုလုပ်သည့် Nikkei Future of Asia ညီလာခံ၌ မလေးရှား ဝန်ကြီးချုပ်ဟောင်းမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုအဖြစ် မြင်လာသော်လည်း တရုတ်နိုင်ငံ၏ ကာလရှည်ကြာ ယဉ်ကျေးမှုနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုသည် ၎င်း၏ ကမ္ဘာ့ထိပ်တန်း နေရာကို အာမခံနိုင်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

“တရုတ်က အမေရိကန်ထက် အများကြီး ပိုကြာနေပြီ၊ တရုတ်ကို အမေရိကန်က လွယ်လွယ်နဲ့ အနိုင်ယူနိုင်မယ် မထင်ဘူး” ဟု ပြောကြားခဲ့သည်။

“အမေရိကန်ဟာ ပြန်လည်နာလန်ထူပြီး နံပါတ် ၁ ဖြစ်လာလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ တရုတ်က ကမ္ဘာမှာ နံပါတ် ၁ နိုင်ငံဖြစ်လာပုံပါပဲ။ ထရမ့်က တစ်ကမ္ဘာလုံးကို ရန်သူဖြစ်အောင် လုပ်ထားပါတယ်” ဟု မဟာသီယာက ပြောဆိုခဲ့သည်။

မိုက်ခရိုချစ်ပ်များကဲ့သို့ နည်းပညာမြင့် အစိတ်အပိုင်းများ အပါအဝင် သွင်းကုန်များအပေါ် မှီခိုအားထားမှုကြောင့် အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့်မှုသည် ၎င်း၏ စားသုံးသူများကို တစ်ကမ္ဘာလုံးနှင့် ဝေးကွာစေကာ နောက်ဆုံးတွင် အမေရိကန်စားသုံးသူများ ထိခိုက်နစ်နာစေသည်ဟု မဟာသီယာက ဝေဖန်ခဲ့သည်။

ဝါရှင်တန်သည် အခြားနိုင်ငံများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို လွယ်ကူစွာ ချမှတ်နိုင်သည်ဟု စောဒကတက်ကာ နိုင်ငံတကာကုန်သွယ်မှုတွင် အမေရိကန် ဒေါ်လာ၏ လွှမ်းမိုးမှုအပေါ် စိုးရိမ်ကြောင်းလည်း မဟာသီယာက ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ