
AB News ဇွန် ၂ ၊ ၂၀၂၅
နွယ်စိုး
အမေရိကန်နိုင်ငံမှ ထိုင်ဝမ်သို့ လက်နက်များ ရောင်းချနေခြင်းကို တရုတ်နိုင်ငံက ကန့်ကွက်လိုက်ကြောင်း Global Times သတင်းဌာနတွင် ဖော်ပြထားသည်။
မေလ ၃၀ ရက်နေ့က ပေကျင်းတွင် ပြုလုပ်သော နေ့စဥ်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က လက်နက်ရောင်းချနေသည့် အမေရိကန်ကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသားဆန့်ကျင်သည်ဟု ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှု ထပ်တိုးမြှင့်လာပါကာ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံကြား ဆက်ဆံရေးက ပိုပြီး တင်းမာလာဖွယ်ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ၁၉၇၉ ခုနှစ်မှစပြီး ထိုင်ဝမ်သို့ လက်နက်ရောင်းချခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပထမသမ္မတသက်တမ်းတွင် ဒေါ်လာ ၁၈ ဒသမ ၃ ဘီလျံတန်ကြေးရှိသော လက်နက်များ ရောင်းချခဲ့ဖူးပြီး သမ္မတဂျိုးဘိုင်ဒန် လက်ထက်မှာ ဒေါ်လာ ၈ ဒသမ ၄ ဘီလျံ ရောင်းချခဲ့ဖူးသည်ဟု ဆိုထားသည်။