AB News – ဧပြီ ၆၊ ၂၀၂၄
သြစတြေးလျနိုင်ငံမှ Julie Bishop အား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယမန်နေ့ ဧပြီလ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။
မစ္စ Bishop သည် ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် စင်ကာပူနိုင်ငံမှ Noeleen Heyzer နေရာအား ဆက်ခံခဲ့ခြင်း ဖြစ်သည်။
မစ္စ Bishop သည် ကျယ်ပြန့်လှသော နိုင်ငံရေးနှင့် ဥပဒေရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အကြီးတန်းခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများရှိသူဖြစ်ကြောင်းဆိုသည်။
သူမသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး၊ ပညာရေး၊ သိပ္ပံနှင့် လေ့ကျင့်ရေးဝန်ကြီး၊ အမျိုးသမီးရေးရာ၀န်ကြီးချုပ်နှင့် သက်ကြီးရွယ်အိုရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် သြစတြေးလျအစိုးရ၏ အဆင့်မြင့်ရာထူးများစွာကို ထမ်းဆောင်ခဲ့သည်။
ထို့အပြင် ၁၉၉၈ နှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ် ၂၀ကြာ ဩစတြေးလျပါလီမန်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခဲ့သည်။
သူမ၏အသက်မွေးဝမ်းကြောင်းတစ်လျှောက်လုံးတွင် မစ္စ Bishop သည် ဒေသတွင်းမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံမှုကို အားကောင်းလာစေပြီး ပထမဆုံးသော ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေး သဘောတူစာချုပ်အပါအဝင် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေး ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့သည်။
လက်ရှိတွင် မစ္စ Bishop သည် Australian National University ၏ အဓိပတိတစ်ဦးဖြစ်ပြီး သြစတြေးလျနိုင်ငံ၊ Adelaide တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိထားသူဖြစ်ကြောင်း ဖော်ပြထားသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL