သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည်စခန်းတစ်ခု မီးလောင်၊ နေအိမ် ၁၀၀၀ ခန့် မီးလောင်ပျက်စီး

AB News- ဇန်နဝါရီ ၇ ၊ ၂၀၂၄

ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁ နာရီခန့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီယားမြိုနယ်တွင်ရှိသည့်  ဒုက္ခသည်များ နေထိုင်သည့် ကူတူပါလောင်စခန်းတွင် မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုသည် ကူတူပါလောင် ဒုက္ခသည် အမှတ် ၅ စခန်းတွင်ဖြစ်ပွားခဲ့ကာ စခန်းရှိ နေအိမ် ၁၀၀၀ ကျော်မှာမီးလောင်ထဲပါသွားပြီ ပျက်စီးသွားကြောင်းသိရသည်။

မီးလောင်မှုကို နံနက် ၄ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် မီးသတ်တပ်ဖွဲက မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူ ထိခိုက်မှု မရှိကြောင်းသိရပြီး၊ ဒုက္ခသည်များကို လက်ရှိတွင် UNHCR က ကျွေးမွေးစောင့်ရှောက်ထားကြောင်း UNHCR ဘင်္ဂလားဒေ့ရှ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ