သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လာ်အော်အနောက်မြောက်ပိုင်းတွင် ” ဟမွန်း ” HAMOONခေါ် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေ

ဘင်္ဂလားပင်လာ်အော်အနောက်မြောက်ပိုင်းတွင် " ဟမွန်း " HAMOONခေါ် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂၄ရက်

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်အနောက်အလယ်ပိုင်းတို့တွင် ဟမွန်း(HAMOON) ခေါ် ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လျက်ရှိကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

လက်ရှိဖြစ်ပေါ်နေသော ဟမွန်း(HAMOON) ဆိုင်ကလုန်းမုန်တိုင်းသည် အဝါရောင်အဆင့်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းသည် ၁နာရီတွင် ၅၅မိုင်မှ ၆၀အထိတိုက်ခတ်လာနိုင်သည်ဟုသိရသည်။

အဆိုပါမုန်တိုင်းသည် ရခိုင်ပြည် သံတွဲမြို့၏ အနောက်- အနောက်မြောက်ဘက် ရေမိုင် (၃၄၀)ခန့်၊ စစ်တွေမြို့၏အနောက် -အနောက်တောင်ဘက် ရေမိုင် (၂၆၀)ခန့်၊ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ( ၂၄၀) ခန့်၊ အိန္ဒိယနိုင်ငံ ပါရာဒစ်မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ( ၁၁၅ ) မိုင်ခန့်၊ဒီဂါမြို့(Digha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၁၄၅) မိုင်ခန့်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်- အနောက် တောင်ဘက် ရေမိုင် (၁၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်းသိရသည်။

မိုးဇလ၏ခန့်မှန်းချက်အရ နောက် ၃၆နာရီအတွင်း အဆိုပါမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ခီပူပါရာမြို့နှင့် စစ်တကောင်းမြို့တို့ကြားမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဟမွန်းမုန်တိုင်၏အရှိန်ကြောင့် အောက်တိုဘာလ ၂၅ရက်နေ့မှစ၍ ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးနိုင်သည်ဟု မိုးဇလ၏တိုင်းထွာချက်အရသိရသည်။

ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး မိုးကြီး၊ ရေကြီးမည်ဟုသိရသည်။

ဟမွန်း မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုကျရောက်နိုင်ကြောင်း သတိပေးထားသည်။

အလားတူ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှအသိပေးနှိုးတိုက်တွန်းထားသည်။

ရခိုင်တွင် မေလ ၁၄ရက်နေ့က မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ ဘုန်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ကျေးရွာအတွင်း ရေကန်များ၊ ဆောင်းသီးနှံစိုက်ခြင်းများ၊ စပါးခြင်းများပျက်စီးသွားသည်ကို ပြုလုပ်နေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ထို့အပြင် လက်ရှိတွင် ရခိုင်ပြည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ သံတွေ၊ ကျောက်ဖြူ စသည်တို့တွင် လေပြင်း တိက်ခတ်မှုများ ယမန်နေ့ ညနေပိုင်းမှ စ၍ ဖြစ်ပေါ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ