သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့တွင် အမျိုးသမီးတစ်ဦး ရေတွင်းထဲခုန်ချသေဆုံး

ပုဏ္ဏားကျွန်းမြို့တွင် အမျိုးသမီးတစ်ဦး ရေတွင်းထဲခုန်ချသေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၁၃ရက်

ပုဏ္ဏားကျွန်းမြို့တွင် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချ၍ သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသော အမျိုးသမီးသည် ပုဏ္ဏားကျွန်း အလယ်စုရပ်ကွက်မှ အဖဦးဝမ်းဖား၏သမီးဖြစ်သူ အသက် ၆၀အရွယ် ဒေါ်မနုဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

သူမသည် စိတ်ဝေဒနာခံစားနေရသည်မှာ ၂နှစ်ခန့်ကြာမြင့်နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

” သူက စိတ်ရောဂါဖြစ်နေတာ ၂နှစ်လောက်ရှိပြီ၊ သားသမီးလည်းရှိတယ်၊ အသက်ကတော့ကြီးပါပြီ။ ရေတွင်းထဲခုန်ချပြီးသေတာ၊ စိတ်က မရတချက် ရတစ်ချက်ပါ” ဟုဆိုသည်။

အောက်တိုဘာလ ၃ရက်နေ့က မင်းပြားမြို့ ပြည်တော်လှရပ်ကွက်မှ အသက် ၃၇နှစ်အရွယ်အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့သည်။

စက်တင်ဘာလ ၃၀နေ့ကလည်း မင်းပြားမြို့နယ် ဝင်းဇားရွာမှ သီလရှင်တစ်ပါး ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။

​ပြီးခဲ့သည့် စက်တင်ဘာလနှင့် သြဂုတ်လတို့တွင် ရေနစ်သေဆုံးသူ ၅၀ ကျော်အထိရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ