သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ် တောင်ဖြူဆည်တွင် ​ရေဆင်းကစားရာက ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

မြောက်ဦးမြို့နယ် တောင်ဖြူဆည်တွင် ​ရေဆင်းကစားရာက ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ABN-ဟိန်းထွန်း

သြဂုတ် ၁၆ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မောင်ရွှီကန်ကျေးရွာမှ ကျောင်းသားတစ်ဦးသည် တောင်ဖြူဆည်တွင် ရေဆင်းကစားရာမှ ရေနစ်ပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးခဲ့သူမှာ အဖ ဦးတင်ဦးနှင့် အမိ ဒေါ်မတင်ဝင်းတို့၏သား အသက် ၁၉ နှစ်အရွယ် မောင်ကိုဌေးဝင်းဖြစ်ပြီး၊ ၎င်းမှာ စစ်တွေတွင် Day တက်နေသည့်တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်ကြောင်းသိရသည်။

၎င်းမှာ ယနေ့မနက်ပိုင်းက တောင်ဖြူဆည်သို့ ရေကစားသွားရာတွင် ရေနစ်သွားခဲ့ပြီး အတော်အတန်ခန့်ကြာမှ ဆည်အတွင်းရှိရေကစားနေသူများက ၎င်းကိုထမ်းပြီး မြောက်ဦးပြည်သူ့ဆေးရုံကြီးသို့ ပို့ပေးခဲ့ကြောင်း နီးစပ်သူတစ်ဦးက ABN သို့ပြောသည်။

တောင်ဖြူဆည်ကိုရေကစားဖို့သွားပါတယ်၊ ရေနစ်သွားတာဘယ်သူမှမမြင်ဘူး၊ ခဏလောက်ကြာမှ ဆည်အတွင်းမှာ ရေကစားတဲ့သူတွေက မြင်လို့ ဆေးရုံကိုပို့ပေးလိုက်ပါတယ်” ဟု ဆိုသည်။

ဆေးရုံရောက်ချိန်တွင် သတိမရဘဲ နေခဲ့ကာ ယနေ့ ညနေ ၆ နာရီခန့်တွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းသားသည် မနက်ဖြန် စစ်တွေသို့ သွားမည်ဖြစ်ပြီး ရေကစားချင်၍ ထိုဆည်သို့ သွားရောက်ခဲ့စဥ် ရေနစ်သွားကြောင်း ၎င်းမှဆက်၍ ပြောသည်။

“သူက မနက်ဖြန်ဆိုရင် စစ်တွေသွားမယ်လို့လုပ်ထားတာပါ၊ ရေကစားချင်တယ်ဆိုပြီးထွက်သွားပြီး ရေနစ်သေသွားတာပါ”ဟု ဆိုသည်။

၎င်းဆည်သို့ မြောက်ဦးမြို့နယ်ရှိ ရွာပေါင်း ၂၀ ကျော်မှလူများသည် မိုးရာသီတွင် အပန်းဖြေရေကစားရန် သွားရောက်ကြကြောင်း ABN မှ စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ