Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP သည် စစ်ကောင်စီနှင့်ပေါင်း၍ အပြစ်မဲ့ပြည်သူများအား ULA/AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရား အနိုင်ကျင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကို အရှိန်အဟုန်မြှင့် ဆက်တိုက် လုပ်ဆောင်လျက်ရှိ

ကုန်ခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှစတင်၍ ရက္ခိုင်ပြည်တွင် ALP သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ အပြစ်မဲ့ပြည် သူများအား ULA/AA နှင့် ဆက်စပ်သည်ဟု တစ်ဖက်သတ်စွပ်စွဲကာ ပိုက်စိုက်တိုက်ရှာဖွေဖမ်းဆီးမှုများကို တစိုက် မတ်မတ် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နိုင်ငံရေးနှင့်တော်လှန်ရေး ချွတ်ခြုံကျနေသော ALP သည် ရက္ခိုင့်အမျိုးသားတော်လှန်ရေးအပေါ် သစ္စာဖောက်ကာ ရန်သူနှင့်ပေါင်း၍ အပြစ်မဲ့ပြည်သူများအား မတရားအနိုင်ကျင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများပြုလုပ်နေသည်မှာ အကြိမ်ပေါင်းလည်း မနည်းတော့ချေ။

ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့က ALP တပ်ဖွဲ့မှ ဗိုလ်အဆင့်ရှိသူ ရာရှားဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၀ ယောက်နှင့် စစ် ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်တို့သည် စစ်တွေမြို့နယ်၊ ဇော်မဒက်ကျေးရွာမှ ဦးသန်းရွှေထွန်း(၃၉နှစ်)နှင့် သုံး ဆောင် ကျေးရွာမှ ဦးမောင်ကျော်စိန် (၆၀နှစ်)တို့အား အိမ်အတွင်းသို့ ဝင်ရောက်ဖမ်းယူသွားခဲ့ကြသည်။

ကုန်ခဲ့သည့်အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း တုတ်၊ ဓားလက်နက်များကိုင်ဆောင်လျက် ယူနီဖောင်းအပြည့် အစုံ ဝတ်ဆင်ထားသည့် ALP တပ်ဖွဲ့ဝင် ၈ ယောက်တို့သည် စစ်တွေမြို့၊ရွာသာယာမှ ဦးအောင်လှဝင်းကို ၎င်း၏ သုံးဘီးဆိုင်ကယ်နှင့်အတူ ဖမ်းဆီးသွားခဲ့သေးသည်။

အောက်တိုဘာ ၉ ရက်နေ့ ဗုဒ္ဓဘာသာဝင်များ အထွဋ်တမြတ်တန်ဖိုးထားရာ အခါကြီးရက် ကြီး ဖြစ်သည့် ဝါကျွတ်လပြည့်နေ့၌လည်း ALP တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့၊ နာဇီရွာ စက်ရုံစုရပ်ကွက်ရှိ ကေသုံးလုံး ကုန်စုံဆိုင်မှ ဆိုင်ပိုင်ရှင် ဦးခင်မောင်ဝင်းနှင့်ယောက်ဖဖြစ်သူဦးရန်နိုင်စိုးတို့ကို လူမဆန်စွာသေနတ်များဖြင့် အကြမ်း ဖက်ပစ်ခတ်ခဲ့သေးသည်။

ယင်းအပြင် အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဓားရှည်၊ သံတုတ်၊ ပီစတို ကိုယ်စီကိုင်ဆောင်ထာသော ALP တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်သည် သုံးဘီးဆိုင်ကယ်ဖြင့် စစ်တွေမြို့ဆင်ကူးလမ်းရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ဆင်ကူးလမ်းရပ်ကွက်မှ ဦးပိုးချေ၊ ဦးထွန်းနိုင်ဝင်း (ခ) မောင်မောင်၊ ဦးစိုးကျော်နိုင် နှင့် ကိုထက်လင်းနိုင် တို့အား သံတုတ် များဖြင့် ရက်ရက် စက်စက် ဝိုင်းဝန်းရိုက်နှက်၍ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သေးသည်။

ထို့အတူ စက်တင်ဘာလ ၂၈ ရက်နေ့က ALP အဖွဲ့မှ ရာရှားဦးဆောင်သည့် ALPတပ်ဖွဲ့ဝင် ၃ ယောက်သည် ဓားရှည်ကိုယ်စီကိုင်ဆောင်လျက် စစ်တွေမြို့၊စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်းမှ အပြစ်မဲ့အရပ်သားပြည်သူများ အားဝိုင်းဝန်း အနိုင်ကျင့် ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြပြန်သည်။

ထို့အပြင်ဩဂုတ်လ ၇ ရက်နေ့ကလည်း စစ်တွေမြို့၊ နာဇီရွာစက်ရုံစုရပ်ကွက်မှ ကိုသိန်းဆန်းဆိုသူအား ယင်း ရပ် ကွက်ကန်ဘောင်ဘေးနား၌ ALP တပ်ဖွဲ့ဝင် ၆ ယောက်ခန့်မှ သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကိုသိန်းဆန်း၏ ညာဖက်ခြေထောက် ခြေသလုံးကို ကျည်ဆန်ထိမှန်ပြီး အပြင်းအထန် ရုန်း ကန်ထွက်ပြေး လွတ် မြောက်ခဲ့ရသည်။

ကိုသိန်းဆန်းကိုဖမ်းမရလိုက်သောအခါ ALPတပ်ဖွဲ့ဝင်များသည် ကိုသိန်းဆန်း၏ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်မိခင် မလုံးလုံးဌေး (ခ) စိုးစိုးဌေးအား အကြမ်း ဖက် ဖမ်းဆီးဆွဲခေါ်သွားခပြီး၊ အားပါးတရ နှိပ်စက် စစ်ဆီးခဲ့သည့်အတွက် မစိုးစိုးဌေး၏ဝမ်းထဲမှ သန္ဓေသားမှာ ပုံမှန်အနေအထားကနေ ပုံမှန်မဟုတ်သောအနေအထားသို့ ရောက်ရှိသွားခဲ့ ရသည်။

အလားတူ ဩဂုတ် ၂ ရက်နှင့် ၃ ရက်နေ့ကလည်း ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ယူနီဖောင်းများ ဝတ် ဆင်ကာ စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ခမရ(၃၅၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းလျက် နာဇီရွာစက်ရုံစု ရပ်ကွက်မှ ရာအိမ်မှူး ဖြစ်သူ ဦးဦးဘစော၊ ဒေါ်မညွန့်စိန်နန့်ကိုကလားချေ တို့ကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ သည့် အပြင် ဦးတင်ထွန်း ဆိုသူ၏ နေအိမ်ကိုလည်း အတင်း အဓမ္မဝင်ရောက်ပြီး တစ်အိမ်လုံးကို မွှေနှောက် ရှာဖွေသွားခဲ့ ကြသေးသည်။

ALP၏ ယခုကဲ့သို့ လူမဆန်သောလုပ်ရပ်များနှင့်ပတ်သက်၍ စစ်တွေမြို့မှ အမည်မဖော်လိုသော ရက္ခိုင် ဝါရင့် နိုင်ငံ ရေးသမားတစ်ဦးက လက်ရှိ ALP ဟာ ခိုင်မိုးလင်း ချမှတ်ထားခဲ့တဲ့ တော်လှန်ရေးသစ္စာကို ရစရာမရှိအောင် တစ်စစီ တစ်စစီချိုးဖောက်ဖျက်ဆီးပစ်ခဲ့တာကြာပါပြီ။ ရန်သူ့ဆီမှာဒူးထောက်လက်မြှောက်အရှုံးပေး အညံ့ခံပြီးတော့ ရန်သူ့ အလိုကျ လုပ်ဆောင်နေတဲ့ ရက္ခိုင့်အမျိုးသားသစ္စာဖောက် လုံးလုံးဖြစ်နေပါပြီ။ ALP ဟာ နိုင်ငံရေးသီလ ပျက်သုန်း ပြီး၊တော်လှန်ရေးပါရာဇိကကျနေပြီးဖြစ်ပါတယ်။ပြည်သူ့လွတ်မြောက်ရေးကိုလုပ်ဆောင်ရမယ့်အစား သခင်အားရ ကျွန်ပါးဝပီပီ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့် မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေ တာတွေဟာ နားနဲ့ မဆံ့အောင်ကြားနေရပါတယ်။ မီဒီယာတွေပေါ်တက်လာတာက ALPရဲ့အနိုင်ကျင့်မှုတချို့တဝက်ပဲရှိသေးတယ်။ မီဒီယာပေါ်မရောက်ဘဲ လူမသိသူမသိပျောက်ကွယ်နေတဲ့ ALPရဲ့ လူမဆန်မှုတွေက အများကြီးကျန်နေပါသေး တယ်။ဘာပဲဖြစ်ဖြစ် တော်လှန်ရေးကျိန်စာသင့်ခဲ့ပြီမို့ ALPဟာ မကြာခင်မှာ သူစိုက်တဲ့အပင်ရဲ့အသီးကို သူကိုယ် တိုင် သေချာပေါက် စားသုံးရတော့မယ်လို့ မြင်ပါတယ် ဟု သုံးသပ်ပြောဆိုသွားခဲ့သည်။

မည်သို့ဆိုစေ လက်ရှိရက္ခိုင်ပြည်တွင် ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းလျက် အပြစ်မဲ့အရပ် သားပြည်သူများအား ULA/AA နှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီး ရိုက်နှက်၊ နှိပ်စက်အနိုင်ကျင့်မှု၊ လက်နက်အားကိုးဖြင့် အာဏာပြခြိမ်းခြောက်ငွေညှစ်မှုများကို အရှိန်အဟုန်မြှင့်ဆက်တိုက် ပြု လုပ်နေဆဲဖြစ်လေသည်။

ALP သည် စစ်ကောင်စီနှင့်ပေါင်း၍ အပြစ်မဲ့ပြည်သူများအား ULA/AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ မတရား အနိုင်ကျင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများကို အရှိန်အဟုန်မြှင့် ဆက်တိုက် လုပ်ဆောင်လျက်ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ