Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်သူများ အငတ်ဘေးမဆိုက်ရေး ရခိုင်ပြည်မှ ဆန်များကို ပြည်ပနှင့် ဗမာပြည်ဖက်သို့တင်ပို့မှုကို ထိမ်းချုပ်သွားမည်ဟု AA ပြော

ရခိုင်ပြည်သူများ အငတ်ဘေးမဆိုက်ရေး ရခိုင်ပြည်မှ ဆန်များကို ပြည်ပနှင့် ဗမာပြည်ဖက်သို့တင်ပို့မှုကို ထိမ်းချုပ်သွားမည်ဟု AA ပြော

ABN-မေအိအိအောင်

ရခိုင်ပြည်မှ ဆန်များကို ပြည်ပနှင့် ဗမာပြည်ဖက်သို့ အဆမတန်တင်ပို့မှုနှင့် ပတ်သက်၍ ULA/AA မှအစွမ်းကုန် ထိန်းချုပ်သွားမည်ဟု AAပြောခွင့်ရ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ULA/AA အနေဖြင့် ရခိုင်ဖက်မှ ဆန်များကို ပြည်ပနှင့် ဗမာပြည်ဘက်သို့ တင်ပို့မှုများကို စနစ်တကျ စောင့်ကြည့်ပြီး ပြည်သူများ အငတ်ဘေး၊ အခက်အခဲမကြုံရစေရန် စနစ်တကျ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

“ရခိုင်ပြည်ကထွက်တဲ့ဆန်ကို ရခိုင်ပြည်သူစားသုံးမှု၊ ဗမာပြည်နှင့် တခြားပြည်ပတွေဆီ တင်ပို့တဲ့ဆန်တွေကို စနစ်တကျမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ လိုအပ်ရင်လိုအပ်သလို စောင့်ကြည့်ပြီး ပြည်သူတွေအခက်အခဲ မဖြစ်ရရေး၊အငတ်ဘေးမဆိုက်ရေးအတွက် ကျွန်တော်တို့ အာရက္ခပြည်သူ့ အစိုးရကအစွမ်းကုန်ထိန်းချုပ်လုပ်ဆောင်သွားမယ်”ဟု ဦးခိုင်သုခက ပြောသည်။

ရက္ခိုင့်ပြည်သူ့အစိုးရ အနေဖြင့် ၎င်းတို့ အပြည့်အဝထိန်းချုပ်ထားသည့်နေရာများနှင့် သြဇာသက်ရောက်စိုးမိုးထားသည့် နေရာတွေများမှ ဆန်များကို ULA/AA၏ နိုင်ငံရေးဌာနတွေ၊ နောက်ပြီးအခွန်ဌာနများ၏ ခွင့်ပြုချက်မရှိဘဲ ဆန်တင်ပို့ ရောင်းချခွင့်မရှိကြောင်း ဦးခိုင်သုခက ပြောသွားသည်။

“ကျွန်တော်တို့ အာရက္ခပြည်သူ့အစိုးရ အပြည့်အဝထိန်းချုပ်ထားတဲ့နေရာတွေ၊ သြဇာသက်ရောက်စိုးမိုးထားတဲ့နေရာတွေမှာတော့ ရခိုင်ပြည်ကထွက်တဲ့ဆန်တွေကို ULA/AA နိုင်ငံရေးဌာန၊နောက်ပြီးတော့ အခွန်ဌာနတွေက ခွင့်ပြုချက်မရှိဘဲ ဘယ်ဆန်မှအပြင်ကို ရောက်သွားခြင်းမရှိပါဘူး၊ အချက်အလက်တွေလည်း သေချာစုဆောင်းထားပါတယ်” ဟု ပြောသည်။

ရခိုင်တွင် လက်ရှိဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးစပါး ၁၀၀ လျင် ကျပ်ငွေ ၈သိန်းနီးပါးရှိပြီး ဆန်တစ်အိတ်လျှင် ကျပ်ငွေ ၇ သောင်းမှ ၈ သောင်းအကြားရှိကြောင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ