Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံး

ABN-နွယ်စိုး

ဇွန် ၂၄ ရက်

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့၊ စက်မှုလမ်းဆုံ၌ ဇွန်လ ၂၃ ရက် ညနေ ၇ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၃ ဦးသေဆုံးခဲ့ပြီးဒေသခံ အချို့ ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ည ၇ နာရီခန့်က တရုတ်-မြန်မာ နယ်စပ် ရှိ စက်မှုလမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ စစ်ဆေးချိန် ကားပေါ်က လူတယောက်အော်ဆဲခြင်းကြောင့် PDFထင်ကာပစ်ခတ်လိုက်ပြီး၊ပစ်ခံရသည့် ကားမှာ ဆိုင်ကယ်နှစ်စီးအား ဝင်တိုက်ခဲ့သည်ဟု သိရသည်။

မျက်မြင်သက်သေတစ်ဦး၏ ပြောဆိုချက်အရ ၁ ဦးက ကားပေါ်တွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ၂ ဦးက ဆေးရုံတွင် သေဆုံးခဲ့ကြောင်းနှင့် အချို့ဒဏ်ရာရရှိခဲ့သည်ဟုပြောသည်။

အဆိုပါ ဒဏ်ရာရရှိသူများထဲတွင် ကျည်ထိထားသူများနှင့် ကားတိုက်ထားသူများဖြစ်ကြပြီး

မူဆယ် ဗျူဟာမှ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် စစ်တပ်ဘက်က သေဆုံးခြင်းမရှိဟု ပြောကြားထားသည်။

ဇွန်လ ၂၂ ရက် ည ၆ နာရီခွဲ ကျော်ခန့်ကလည်း ဟိုနားရပ်ကွက်၊ စက်မှုကုန်းက စာသင်ကျောင်းအနီး စစ်တပ်နှင့် ပြည်သူ့စစ် ကင်းလှည့်နေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက် ပစ်ခတ်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ကင်းလှည့်ကားပေါ်မှ လုံထန်ပြည်သူ့စစ် ၁ ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဇွန်လ ၂၁ ရက် ည ၁၀ နာရီကျော်ခန့်ကလည်း မူဆယ် KBZ ဂုန်းဆင်း၊ ချယ်ရီ ၁ လမ်း ထိပ်တွင် Honda Fit အဖြူရောင် အိမ်စီးကား တစီးကို အမည်မသိ လူ ၅ ဦး ခန့်က ပစ်ခတ်ခံရပြီး ကားမောင်းနေသည့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသည်။

မူဆယ်တွင် လက်နက်ကိုင်အဖွဲ့များဖြစ်ကြသော စစ်တပ်၊ ပြည်သူ့စစ် အဖွဲ့ပေါင်း ၂၀ ခန့်၊ KIA, TNLA, SSPP/SSAအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းများ သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခုလည်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ လုံခြုံရေးတပ်ဖွဲ့များ တင်းကြပ်ထားသော်လည်း မြို့ပေါ် ၌ မကြာခဏ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုများ ဖြစ်ပွားနေပြီး တရုတ်လုပ်ငန်းရှင်များ၏ လောင်းကစားကုမ္ပဏီ နှင့်KTV များ ပိုမို အလုပ်ဖြစ်လာကြကြောင်း သိရသည်

ထင်မြင်ယူဆချက်‌‌ပေးရန်