သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
(၄၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ပိတ်ပင်ခံရ

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၆

ဖီလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပပြုလုပ်မည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းဝေးကို မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် (သို့မဟုတ်) စစ်တပ်၏ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဦး တက်ရောက်မည့်အစီစဉ် မပါဝင်ကြောင့် အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့်မရသည့် အဆိုပါအာဆီယံထိပ်သီးအစည်းဝေးကို မြန်မာနိုင်ငံကိုယ်စား အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) ကိုယ်တိုင် လာရောက် တက်ရောက်သွားမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက် ကြာသပတေးနေ့မှာ အတည်ပြု ထုတ်ပြန်လိုက်ကြောင်းသိရသည်။

လာမည့် နိုဝင်ဘာ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် မနီလာမြို့သို့ သွားရောက်ပြီး၊ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းဝေးနှင့် အရှေ့အာရှ ထိပ်သီးအစည်းဝေး (EAS) တို့ကို အမေရိကန်သမ္မတ ဒေါ်နေထရမ့်၊ တရုတ်နှင့် ဂျပန် ခေါင်းဆောင်များနှင့်အတူ ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်းသိရသည်။

ထို့ပြင် ကမ္ဘာ့အင်အားကြီး ခေါင်းဆောင်းများသာ တက်ရောက်ခွင့်ရသည့် မနီလာ ထိပ်သီးအစည်းဝေး စားပွဲဝိုင်းကို တစ်စုတစ်စည်းတည်းတက်ရောက်ရမည့် အခမ်းအနားမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုဝန်ကြီးများကို အာဆီယံကနိုင်ငံရေးအရ တက်ရောက်ခွင့် လုံးဝ ပိတ်ပင်ထားဆဲဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်များကို အဆိုပါအစည်းဝေးတက်ရောက်ခွင့်မပြုရသည့် အကြောင်းအရင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများကိုရပ်တန့်ရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကိုလိုက်နာရန် ပျက်ကွက်ခြင်းကြောင့် (၂၀၂၁) နှစ်ကနေ ထိပ်သီးအစည်းဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံရကြောင်းလည်းသိရသည်။

ထို့ပြင် လာမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းဝေးတွင် မြန်မာ့အရေးအကျပ်အတည်းများကို ခေါင်းဆောင်ကြီးများက အဓိကထား တရားဝင်ဆွေးနွေးသွားမည်ဟုလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်