သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေသော်လည်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေမရှိကြောင့် မိုးဇလပညာရှင် ဦးဝင်မြင့် သုံးသပ်

AB News – မေ ၁၁၊ ၂၀၂၆

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်)တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေသော်လည်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေမရှိကြောင့် မိုးဇလပညာရှင် ဦးဝင်းမြင့်က သုံးသပ်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၄၈ နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဌာနက ယနေ့ နေ့လည် ၁ နာရီခွဲအချိန်တွင် ထုတ်ပြန်ထားသည်။

မေလ ၁၄ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ထိရှိပြီး မေလ ၁၆ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းသို့ လျော့ကျသွားနိုင်ကြောင်း သုံးသပ်ချက်အရ သိရသည်။

ထို့ကြောင့် လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေမရှိသည့်အပြင် မြန်မာနိုင်ငံဘက်သို့လည်း ဝင်ရောက်တိုက်ခိုက်နိုင်ခြေမရှိကြောင်း ဆိုသည်။

သို့သော်လည်း မေလ ၁၅ ရက်နေ့နောက်ပိုင်းတွင် ကပ္ပလီပင်လယ်ပြင်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် လေတိုက်နှူန်း ၂၅ knots မှ ၃၅ knots ( ၁ နာရီကို မိုင် ၃၀ မှ မိုင် ၄၀ ခန့်အထိ) လေပြင်းတိုက်ခိုက်နိုင်ကြောင်း သိရသည်။

ထို့ပြင် မေလ ၁၄ ရက်နေ့မှစ၍ ရက္ခိုင်ပြည်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် မိုးများ ရွာသွန်းနိုင်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်