ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ မူလတန်းကျောင်းအုပ် ဆရာတစ်ဦးအား ယနေ့ နိုဝင်ဘာလ ၁၄ ရက် နေ့လည် ၂ နာရီက ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
ထိုဆရာကြီးမှာ အမ်းမြို့နယ် ခွဆုံပြင်ရွာမှ ဦး မောင်ကျန်ဝေ၊ ဒေါ် လှတင်တို၏သား ဦးဇော်ဖြိုးဝေ ၂၉ နှစ်ဖြစ်ပြီး ၎င်းကို အမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်မှ အင်အား ၃၃ ယောက်ခန့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2022/11/314093479_126435216909405_8908964033002410967_n.jpg?resize=650%2C650&ssl=1)
ဆရာ ဦးဇော်ဖြိုးဝေမှာ အမ်းမြိုနယ် လုံးအုပ်စု ခရမ်းကျွန်းရွာ အ.မ.က ကျောင်းတွင် မူလတန်းကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။
ယမန်နေ့ကလည်း စစ်ကောင်စီတပ်မှ ကျောက်ဖြူမြို့တွင် စစ်ကောင်စီခန့် ဝန်ထမ်း ၅ ဦး အားဖမ်းဆီးခဲ့သည့်အပြင် ပြီးခဲ့သည့် အောက်တိုဘာလကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားကာ ၎င်းတို့မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိကြသေးပေ။