AB News – မတ်လ ၁၆၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လယ်တဲတွင်ရှိနေသော သားမိသားဖ ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။
သေဆုံးသွားသည့် သားမိသားဖ ၃ ဦးမှာ မြေပုံမြို့နယ် ပြည်ခြားရွာမှ အသက် ၅၀ နှစ် အရွယ် အဖ ဦးကျော်ဝင်းကြီး၊ အသက် ၃၀ နှစ် အရွယ် သား ကိုမောင်ရဲလင်း၊ အသက် ၂၃ နှစ် အရွယ် သမီး မမေနီဝင်းတို့ဖြစ်ကြောင်း ဖြစ်သည်။
ဒဏ်ရာရရှိသူ ၂ ဦးမှာ သေဆုံးသွားသည့် ဖခင်၏ သမီးငယ်ဖြစ်သူ အသက် ၁၅ နှစ်အရွယ်မစောနှင်းဖြူ နှင့် မြေပုံမြို့နယ် စညှင်းရွာမှ အသက် ၂၇ အရွယ် ဦးဇော်ဝင်းတို့ဖြစ်သည်။
ယနေ့မတ်လ ၁၆ ရက် နေ့လည် ၁၂ နာရီကျော်တွင် စညှင်းရွာတောင်ကုန်းအနီးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီး ၂ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ လယ်တဲသို့ ကျရောက်ပေါက်ကွဲပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။
” စညှင်းတောင်အနီးကပစ်တာပါ။ လက်နက်ကြီး ၃ လုံးလောက်ပစ်ပါတယ်။ ဦးကျော်ဝင်းရဲ့လယ်တဲမှာ ၁ လုံးပေါက်ကွဲတယ်။ မိသားစုတွေ အစုလိုက်သေသွားတယ် “ဟု ဆိုသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် လယ်ချောင်းအနီးသို့ ပစ်ခတ်ခဲ့ရာ လယ်တဲတွင်ရှိနေသည့် လူတစ်ဦးထိမှန်သွားခဲ့သည်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းပြီး ၃ ဦးသေဆုံးသွားပြီး ကျန် ၂ ဦးမှာပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများကပြောသည်။
အကြမ်းဖက် စစ်ကောင်စီသည် အရပ်သားပြည်သူများကို လက်ကြီးဖြင့်ပစ်သတ်နေခြင်းကြောင့် အနီးအနားရှိ ရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာသို့တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
အလားတူ ယနေ့ မတ်လ ၁၆ ရက် နံနက် ၇နာရီခန့ျအခြိနျတှငျ စစ်ကောင်စီက မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၃နှစ်အရွယ် မူဆလင်အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ-လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရ၊ သေဆုံးသွားသူများ/APM
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL