
ABN-ဧပြီ ၂၁ ရက်
The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ဖမ်းဆီးပြီး ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဦးကျော်မင်းဆွေကို စမ်းချောင်းရှိ ၎င်း၏ နေအိမ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ယမန်နေ့ ဧပြီလ ၂၀ နေ့က စမ်းချောင်းမြို့နယ်ရဲစခမ်းတွင် ၅၀၅ (က) ဖြင့် အမှုဖွင့်ခံလိုက်ရကြောင်း သိရသည်။
ထို့အပြင် ဦးကျော်မင်းဆွေနှင့်အတူညတနေ့တည်းအတူ ဖမ်းဆီးခံခဲ့ရသည့် အနုပညာရှင်များဖြစ်ကြသည့် သရုပ်ဆောင် မေပန်းချီနှင့် တေးဆို ရွှေရည်သိန်းတန်တို့ကိုလည်း ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
၎င်းတို့ကို ပဇီကြီးရွာကို ရဟတ်ယာဥ်ဖြင့် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းရေးသားမှုနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများဖော်ပြချက်အရသိရသည်။