သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ CEIR website ဆိုက်ဘာထိုးဖောက်ခံရ

AB News – မတ် ၇၊ ၂၀၂၆

စစ်ကောင်စီက လက်တလော ပြုလုပ်နေသည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် CEIR website ဆိုက်ဘာ ယနေ့ မတ်လ ၇ ရက်နေ့တွင် ထိုးဖောက်တိုက်ခိုက်ခံရကြောင်း သိရသည်။

Check IMEI Status စာသားကို “ဟန်နီနွေဦး ပြည်ထောင်စု” ဟု ပြင်ဆင်ရေးသားခဲ့ပြီး ၎င်းအပြင် အခွန်ပေးချေမှု စစ်ဆေးသည့် နေရာတွင်လည်း “ခဏ ခဏ စစ်နေလို့၊ အမြင်ကတ်လို့ တမင်ပြတာကွာ ဂေါင်းကြီးရေ၊ နည်းနည်းစိတ်ဆင်းရဲ နည်းလား” ဆိုပြီး ရေးသား သွားကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ဆိုက်ဘာတိုက်ခိုက်ခံရခြင်းကို သိရှိသည့် နာရီပိုင်းအတွင်းတွင် website ကို ဖြုတ်ချလိုက်ပြီး လက်တလောတွင် စစ်ကောင်စီက မိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်ခြင်းကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၆ မတ်လ ပထမပတ်မှ စ၍ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများအနေဖြင့် ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) အား စတင်အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီက အသိပေးထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ