သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည် မြေပုံမြို့တွင် ကြေးသွန်းဘုရားဆင်းတုတော်တစ်ဆူ ပျောက်နေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် မြေပုံမြို့ ညောင်ပင်ချေရပ်ကွက် မြို့မ ဓမ္မာရုံ‌မှ ကြေးသွန်းဘုရားဆင်းတုတော်တစ်ဆူ ယမန်နေ့ ဖေဖော်ဝါရီလ ၁ရက် နေ့ ညနေအချိန်က ခိုးခံရ၍ ပျောက်ဆုံးသွားကြောင်းသိရသည်။

ခိုးခံရ၍ ပျောက်ဆုံးနေသည့် ကြေးသွန်းရုပ်တုဘုရားဆင်းတုတော်မှာ ဉာဏ်တော်အမြင့် ၁ ပေခွဲခန့်ရှိပြီး ကာလတန်ဖိုးကိုမူ တိတိကျကျ မသိကြောင်း ရပ်ကွက် လူကြီး တစ်ဦးက ပြောသည်။

“ဘုရားကို ကြေးနဲ့ပြုလုပ်ထားတာပါ ယမန်နေ့ ညနေဖက်က ပျောက်သွားတာပါ သူခိုးက ဘယ်သူလည်းဆိုတာကိုတော့ကျွန်တော်တို့ရှာဖွေနေဆဲပါ၊ ဘုရားကဉာဏ်တော် ၁ ပေခွဲ မြင့်ပါတယ် ” ဟုပြောသည်။

ထိုဓမ္မာရုံမှာ ရပ်ကွက်တွင်း အများပိုင် ဓမ္မာရုံဖြစ်ကြောင်း သိရသည်။

မှတ်ချက်

(ဘုရားဆင်းတုတော်ကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း သိရသည်)

ရခိုင်ပြည် မြေပုံမြို့တွင် ကြေးသွန်းဘုရားဆင်းတုတော်တစ်ဆူ ပျောက်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ