
AB News – မတ် ၂၉၊၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင် ဒုက္ခသည်စခန်းအတွင်း စစ်ဆင်ရေး တစ်ခုပြုလုပ်ခဲ့ရာ ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင် RSO အဖွဲ့ဝင်တစ်ဦး ဖမ်ဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဒေသတွင်း မီဒီယာတစ်ခုမှ ရေးသားဖော်ပြသည်ကို တွေ့ရသည်။
အဆိုပါ စစ်ဆင်ရေးကို မတ်လ ၂၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အထူးလုံခြုံရေး တပ်ဖွဲ့ဖြစ်သော APBN (Armed Police Battalion )မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိခဲ့သည့် RSO တပ်ဖွဲ့ဝင်မှာ စခန်းအမှတ် (၆) တွင် နေထိုင်သူတစ်ဦးဖြစ်သည်။
ဖမ်းဆီးခံရသည့် RSO အဖွဲ့ဝင်သည် ဒုက္ခသည်စခန်းအတွင်း မူဆလင် ဒုက္ခသည်များအား ဖမ်းဆီး သတ်ဖြတ်မှုများ၊ ပြန်ပေးဆွဲမှုများနှင့် ငွေညှစ်မှုများကို ပြုလုပ်ခဲ့ပြီး စခန်းအတွင်း လူနေမှုဘဝ ရှင်သန်ရေးကို ထိခိုက်စေသည့်အပြင့် ကြောက်ရွံ့မှုများကိုလည်း ဖန်တီးခဲ့သည်ဟု မူဆလင် ဒေသခံများက ဆိုကြသည်။
ယင်းအပြင် ဖမ်းဆီးခံရသူ RSO တပ်ဖွဲ့ဝင်သည် စခန်းအတွင်း လှုပ်ရှားနေသော အန္တရာယ်ရှိသည့် အဖွဲ့တစ်ဖွဲ့နှင့် ဆက်စပ်နေသည့် အဖွဲ့ဝင်တစ်ဦးဖြစ်၍ ပြင်းထန်သော ရာဇဝတ်မှုများစွာတွင် ပါဝင် ပတ်သက်ခဲ့ကြောင်း သိရသည်။
ဒုက္ခသည်စခန်းများအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအခြေအနေများကို တိုးတက်ကောင်းမွန်စေရန် အလားတူ စစ်ဆင်ရေးများကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ့အာဏာပိုင်များက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူအား သက်ဆိုင်ရာဥပဒေအရ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး စစ်ဆေးမေးမြန်းမှုများ၏ ရလဒ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်သည့် ရာဇဝတ်ကွန်ရက်များကို ဖော်ထုတ်နိုင်ရန်လည်း ကြိုးပမ်းနေကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းအတွင်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနေပြီး လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်းများမှာလည်း ယခင်ကထက် ပြင်းပြင်းထန်ထန် လှုပ်ရှားလာနေသည်ကို တွေ့ရသည်။