သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ငူလေတပ်စခန်းကို BWMနှင့် မဟာမိတ်တပ်ဖွဲ့များ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

AB News – မတ် ၁၃၊ ၂၀၂၆

စစ်ကော်မရှင်တပ်၏ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို မတ်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ ည ၁၁ နာရီ၊ ၈ မိနစ်အချိန်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၁၈ လုံး ပစ်ခတ်ရာ ၁၃ လုံးမှာ လေတပ်စခန်းအတွင်းသို့ အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို BWM က ဦးဆောင်ကာ MKCDF၊ ACPLF နှင့် KNLA တပ်မဟာ (၂)၊ တပ်မဟာ (၅) တို့ ပူးပေါင်း၍ “Mission 51” အဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် လေယာဉ်ဆီရရှိရေး အခက်အခဲဖြစ်နေပြီး လေယာဉ်ဆီ လုံလောက်စွာရရှိရေးအတွက် အာရပ်နိုင်ငံများသို့ ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ထို့ကြောင့် လေတပ်စခန်းရှိ လေယာဉ်ဆီ သိုလှောင်ကန်များနှင့် အရေးကြီးပစ်မှတ်များကို ဦးတည်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုအပြီးတွင် လေတပ်အတွင်း ထိခိုက်မှုများပြားခဲ့သဖြင့် တိုင်းမှူးအသစ်ဖြစ်သူ သူရဇော်လွင်ဦးက ယနေ့နံနက်ပိုင်းတွင် လာရောက်စစ်ဆေးခဲ့ပြီး သတင်းအချက်အလက်များ အပြင်သို့ မပေါက်ကြားစေရန် ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် လေတပ်ပြိုလဲရေးမစ်ရှင်များကို ဆက်လက်ကြိုးပမ်းကြရန် BWM အဖွဲ့က တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ