
AB News မတ် ၂၊ ၂၀၂၆
အီရန်ရေတပ်ပိုင် သင်္ဘော ၉စင်းကို အမေရိကန်ဘက်က ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့ မတ်လ ၁ရက်နေ့က ကြေညာခဲ့သည်။
ထရမ့်က အီရန်ရေတပ်၏ အရေးပါသည့် သင်္ဘောကြီးများအပါအဝင် စစ်သင်္ဘော ၉ စင်းကိုဖျက်ဆီး နှစ်မြုပ်နိုင်ခဲ့ကြောင်း ၎င်း၏ X တွယ်တာလူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်တွင် ကျန်ရှိနေသေးသော အီရန်ရေတပ် သင်္ဘောများကိုလည်း ရှာဖွေပြီး ဖျက်ဆီး ချေမှုန်းသွားမည်ဖြစ်ကြောင်း တွေ့ရသည်။
“ကျန်တာတွေကို ကျနော်တို့ လိုက်ရှာနေပါတယ်။ မကြာခင်မှာ အီရန်သင်္ဘောတွေ ပင်လယ်ကြမ်းပြင်မှာ ပေါ်လောမျောနေတော့မှာပါ ” ဟု ထရမ့်က ဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် နည်းတူ အခြားတိုက်ခိုက်မှုတစ်ခုတွင်လည်း အီရန်ရေတပ်ဌာနချုပ်ကို များပြားစွာဖျက်ဆီးခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားထားသည်။