
AB News – ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆
အီရန်နိုင်ငံအတွင်း အမေရိကန်စစ်တပ်က “အဓိက တိုက်ခိုက်ရေးစစ်ဆင်ရေးများ” စတင်ပြီဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောဆိုထားသည်ကို တွေ့ရှိရသည်။
“ကျနော်တို့ ရည်မှန်းချက်က ရှင်းပါတယ်။ ဆိုးသွမ်းရက်စက်တဲ့ အီရန်အုပ်စိုးသူတွေဆီကနေ ကျရောက်လာမယ့် အန္တရာယ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ပါပဲ” သမ္မတ ထရမ့်က သူ့၏ Truth Social အကောင့်တွင် ပြောဆိုထားသည်။
အမေရိကန်စစ်တပ်သည် အီရန်ကို လေကြောင်း၊ ရေကြောင်းအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းအချိန်တွင် အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။