
AB News – ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့အဝင်တွင် လိုင်စင်မဲ့ကားများ လိုက်လံ ပို့ဆောင်နေသော ယာဥ်ထိန်း ရဲအုပ် လင်မယားနှင့် ရဲတပ်သား တို့ကိုတော်လှန်ရေးတပ်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မွန်းလွှဲ ၁၂ နာရီခန့်တွင် စစ်ကိုင်းမြို့အဝင်အနီး တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးရေး ပြုလုပ်နေစဉ် လိုင်စင်မဲ့ကားများ လိုက်လံ ပို့ဆောင်နေသော ရဲအုပ် အောင်မျိုးဦး လင်မယားနှင့် ရဲတပ်သား အောင်မြင့်ဦး တို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးနေချိန်အတွင်း ၎င်းတို့ကိုင်ဆောင်ထားသော လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေဆုံးခဲ့ကြောင်း သ်ိရသည်။
တိုက်ခိုက်မှုအတွင်း ၎င်းတို့ထံမှ M-16 သေနတ် ၁ လက်၊ ကျည် ၅၀ တောင့်နှင့် လိုင်စင်မဲ့ ကား ၃ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းကွန်းတိုက်နယ်(ပလဖ)၊ ပြည်သူ့စစ်သည်တော် အထူးပြောက်ကျားတပ် ဖွဲ့နှင့်မတ္တရာမြို့နယ် တိုက်နယ် ၆ နဂါးနီလှုပ်ရှားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။