သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အလင်းဝင်ရောက်လာသော စကမ တပ်သားများ SAF ထံ တာဝန်ထမ်းဆောင်နေကြ

AB News – ဇန်နဝါရီ ၁၃၊ ၂၀၂၆
ဂျူလိုင်

စစ်ကော်မရှင်တပ်မှ ဘက်ပြောင်းအလင်းဝင်ခိုလှုံလာသောတပ်သားများသည် ယခုတွင် ကျောင်းသား တပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SAF) တွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ယမန်နေ့ SAF ၏ ထုတ်ပြန်ချက်အရ သိရသည်။

SAF ၏ စစ်ဆင်ရေးနယ်မြေတစ်ခုဖြစ်သော အမ်း-ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်-မုံရွာ လမ်းမကြီးတဝိုက်ရှိ စစ်ကော်မရှင်တပ်မှ ထွက်ပြေးလာသူများနှင့် တိုက်ပွဲအတွင်းဖမ်းဆီးရမိသူ နှစ်လအတွင်း စုစုပေါင်း ၁၆ ဦးအထိရှိကြောင်း သိရသည်။

ဖမ်းဆီးရရှိထားသော စစ်သုံးပန်းများကို SAF ၏ မူဝါဒများ၊ နိုင်ငံတကာ စစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားကြောင်း ပြောဆိုသည်။

ထို့ပြင် အဆိုပါစစ်မြေပြင်ရှိ စကမတပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် ဒုတပ်ကြပ်ကြီး ၁ ဦးအပါအဝင် အလင်းဝင်ခိုလှုံလာသူ စကမတပ်သား စုစုပေါင်း ၁၃ ဦးအထိ ရှိကြောင်းလည်း SAF ၏ ထုတ်ပြန်ချက်အရ သိရသည်။

SAF အနေဖြင့် အဖိနှိပ်ခံလူထုကိုမျက်နှာမူကာ တော်လှန်ရေးတာဝန်ထမ်းဆောင်လိုသူ မည်သူမဆို မိမိတို့နှင့် အတူတိုက်ပွဲဝင်ရန် လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်