သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်တိုင်းတွင် လွတ်လပ်ရေးနေ့၌ နေအိမ်အားလုံး နိုင်ငံတော်အလံလွှင့်ထူရန် စကမ ထုတ်ပြန်

AB News – ဇန်နဝါရီ ၂၊ ၂၀၂၆

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် လွတ်လပ်ရေးနေ့၌ နေအိမ်အားလုံး နိုင်ငံတော်အလံ လွှင့်ထူရမည်ဟု စစ်ကော်မရှင်မှ ညွှန်ကြားချက် ထုတ်ပြန်လာခဲ့သည်။

စစ်ကော်မရှင်က လာမည့် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ မကြာသေးမီ ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း မြို့နယ်၊ ရပ်ကွက်နှင့် နေအိမ်တိုင်းတွင် အလံများ လွှင့်ထူရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်တိုင်းရှိ မြို့နယ် တချို့တွင် အလံသေးတစ်ခုလျှင် ငွေကျပ် ၉၀၀၀ ကျပ်ဖြင့် ထွေ/အုပ်က ရောင်းချနေကြောင်း ရန်ကုန်မြို့မှ ပြည်သူတစ်ဦးကပြောသည်။

သာကေတမြို့နယ်အတွင်းရှိ ဘေးတွဲ ဆိုင်ကယ်များ၊ တက္ကစီများနှင့် အိမ်စီးကားများတွင်လည်း နိုင်ငံတော်အလံများ မဖြစ်မနေ လွှင့်ထူရမည်ဆိုကာ သာကေတမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ညွှန်ကြားလာပြီး မြို့နယ်ရန်ပုံငွေဟုဆိုကာ အလံများကို မတန်တဆ ဈေးဖြင့် ရောင်းချနေကြောင်း သိရှိရသည်။

နိုင်ငံတော်အလံများကို ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်း နောက်ဆုံးထား နေအိမ်တိုင်း မဖြစ်မနေ လွှင့်ထားရမည်ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းမှသာ ပြန်လည်ဖြုတ်သိမ်း ရမည်ဖြစ်ကြောင်းနှင့် အလံမထောင်ထားလျှင် ခေါ်ယူ၍ ဒဏ်ငွေရိုက်ရန် မြို့နယ် ထွေ/အုပ်က အမိန့်ပေးထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ