သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် သက်ကြီးပိုင်း အမျိုးသား တစ်ဦး ရေနစ်မြုပ်၍ သေဆုံး

AB News – ဇူလိုင် ၂၁၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ၊ ကျွန်းပေါ်ပေါက်ကျေးရွာမှ သက်ကြီးပိုင်းအမျိုးသား တစ်ဦး ရေနစ်မြုပ် သေဆုံးသွားခဲ့သည်ဟု စုံးစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်ကျေးရွာမှ အသက် (၄၅)နှစ် အရွယ် ဦးမောင်သန်းဦးဖြစ်သည်။

၎င်းသည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရသေ့တောင်မြို့နယ်ရှိ ခွဆုံရွာချောင်းကို ဖြတ်ကူးစဥ် ရေနစ်မြုပ်သွားခဲ့သည်ဟု ဒေသခံတစ််ဦးက AB News ကို ပြောသည်။

“ကျွန်းပေါ်ပေါက်ရွာကနေ ခွဆုံရွာချောင်းကို ဖြတ်ကူးတဲ့အချိန် ရေနစ်ပြီး သေဆုံးသွားတာ။ မိုးရာသီဆိုတော့ မိုးနည်းနည်းရွာတာနဲ့ ရေပြည့်တယ်။ ချောင်းသေးတယ်ဆိုပြီး အခုလို မိုးရာသီမှာ ဖြတ်ကူးဖို့ မသင့်တော်ဘူး” ဟု ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ဇေယျာမြိုင်ကျေးရွာမှ အမျိုးသမီး ၂ ဦး ရေနစ်မြုပ်သေဆုံးခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင်လည်း စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာမှ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာတွင် စစ်ဘေးရှောင်ရန် ရောက်နေသည့် အမျိုးသမီးငယ် ၄ဦး မြောင်ရေ ဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရက္ခုင်တွင် ယခုနှစ်မိုးရာသီ ဇူလိုင်လအစောပိုင်းကာလအထိ ရေနစ်သေဆုံးသူ ၁၈ ဦးထိ ရှိနေပြီဖြစ်ကြောင်း Arakan Bay News သတင်းဌာန၏ မှတ်တမ်းများအရ သိရသည်။

ရက္ခိုင်ပြည်တွင်၊ မိုးရာသီကာလအတွင်း မြစ်၊ ချောင်း၊ အင်အိုင်များ၌ ရေကြီးရေလျှံမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ရေစီးသန်ကာ ရေလွှမ်းမိုးခြင်း၊ တောင်ပြိုကျခြင်းများနှင့် ကမ်းပါးပြိုကျခြင်းများကြောင့် ပြည်သူများအနေဖြင့် သတိထားနေထိုင်သွားလာကြရန် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရမှ သတိပေးနှိုးဆော်တိုက်တွန်းထားသည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ