
AB News – ဧပြီ ၂၈၊ ၂၀၂၅
အီရန်နိုင်ငံတောင်ပိုင်းရှိ ဓာတုစက်ရုံကြီးတစ်ရုံတွင် ဧပြီလ ၂၆ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂၅ ဦး သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနများက ဖော်ပြသည်။
ဟော်မော့ဇ်ဂန်ပြည်နယ်၊ ရှာဟိဒ် ရာဂျအီးဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီး ၇၅၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အနီးအနားရှိ အဆောက်အအုံများနှင့် မော်တော်ယာဉ်အချို့လည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဆိပ်ကမ်းတစ်ခုလုံး တုန်ခါသွားစေခဲ့သည့် အဆိုပါ ပေါက်ကွဲမှုကြီး၏ ဗီဒီယိုဖိုင်ကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက အချိန်အတော်ကြာ ထုတ်လွှင့်ပြသခဲ့သည်။
သတင်းများအရ ယခုပေါက်ကွဲမှုသည် ဆိပ်ကမ်းရှိ အန္တရာယ်ရှိသော ကုန်ပစ္စည်းများနှင့် ဓာတုပစ္စည်းများ သိုလှောင်ရာ ဂိုဒေါင်တစ်ခုမှ စတင်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် မီးသတ်နိုင်ခဲ့ကြောင်း သိရသည်။
ရှာဟိဒ် ရာဂျအီး ဆိပ်ကမ်းသည် အီရန်နိုင်ငံ၏ အကြီးဆုံးနှင့် အရေးပါဆုံး ဆိပ်ကမ်းတစ်ခုဖြစ်သည်။
နိုင်ငံပိုင်သတင်းဌာန IRN ၏ အဆိုအရ ထိုဆိပ်ကမ်းသည် နိုင်ငံ၏ ရေနံမဟုတ်သော သွင်းကုန်နှင့် ပို့ကုန်များ၏ ၅၅ ရာခိုင်နှုန်းကျော်ကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိပြီး အီရန်နိုင်ငံပိုင် ကွန်တိန်နာကုန်ပစ္စည်း ၈၅ ရာခိုင်နှုန်းကျော်ကို စီမံခန့်ခွဲနိုင်စွမ်းရှိကြောင်း သိရသည်။