သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ၍ အမျိုးသား ၁ ဦး သေဆုံး

AB News – ဧပြီ ၂၅၊ ၂၀၂၅

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဧပြီ ၂၄ ရက် နံနက်ပိုင်း၌ မပေါက်ကွဲသေးသော စစ်ကျန် ဗုံးသီး ၁ လုံးကို ကျောက်ကြားမှ ဆွဲထုတ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမောင်သိန်း ဖြစ်သည်။

ကျေးရွာသားများ၏ ပြောကြားချက်အရ ဦးမောင်သိန်းသည် ဧပြီ ၂၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် သားဖြစ်သူနှင့်အတူ စစ်ကောင်စီတပ်၏ ယာယီစခန်းချနေရာဟောင်းအနီးရှိ လယ်ဂျိုင်တောင်တွင် တောင်ယာလုပ်ရန် ခုတ်ထွင်ရှင်းလင်းစဉ် ကျောက်ကြား၌ ညှပ်နေသော ဗုံးသီးကို ဆွဲထုတ်ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဗုံးသီး ပေါက်ကွဲမှုကြောင့် ဦးမောင်သိန်း၏ ဦးခေါင်းညာဘက်ခြမ်း ပွင့်ထွက်သွားကာ ညာဘက်လက် ပြတ်ထွက်ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မြို့နယ်များတွင် စစ်ကျန်ဗုံးနှင့် မြေမြှုပ်မိုင်းများကြောင့် ဒေသခံပြည်သူများ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။

ဒေသခံများ၏ အဆိုအရ အာရက္ခတပ်တော်သည် မိုင်းအန္တရာယ်နှင့် စစ်ကျန်လက်နက်များအကြောင်း အသိပညာပေး ဟောပြောပွဲများ ကျင်းပလျက်ရှိပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ