
AB News – ဧပြီ ၁၅၊ ၂၀၂၅
သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်၊ ည ၁၀ နာရီကျော်အချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်မှ တာမွေမြို့မရဲစခန်းကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် လက်ပစ်ဗုံး ၃ လုံးသည် ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိနိုင်သော်လည်း အတိအကျ မသိရသေးကြောင်း မြို့ခံများက ဆိုကြသည်။
လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခြင်း တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူများက ဆိုကြသည်။
ရဲစခန်းအား လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်(ပကဖ)၏ ဦးဆောင်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – Khit Thit