သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြို့နယ်မှ ရွာသား ၁ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ်ထိမှန် သေဆုံး

မင်းပြားမြို့နယ်မှ ရွာသား ၁ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ်ထိမှန် သေဆုံး

AB News – နိုဝင်ဘာ ၂၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျဥ် ထိမှန်၍ သေဆုံးခဲ့ကြောင်း AB News မှ သိရှိရသည်။

သေဆုံးသူမှာ မင်းပြားမြို့နယ်၊ ကေသလာချောင်းဝရွာမှ ဦးဖြူလုံး ၇၃ နှစ်ဖြစ်ပြီး လက်ဝါးခတ်ကျေးရွာမှ ဦးသန်းလုံးမောင် ၅၂ နှစ်မှာ ကျည်ထိ ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ နံနက်ချိန်တွင် စစ်ကောင်စီတပ်မှ ကျေးရွာများအား ရမ်းသမ်း ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက AB News သို့ ပြောကြားသည်။

“ဒီနေ့မနက် ၁၂နာရီကျော်က ၂နာရီထိ မင်ပြားမြို့ မယ်တော်တောင်က ပစ်ခတ်နေတာ၊ လက်နက်ကြီးတစ်လုံးက ဦးမောင်ဖြူကြီး တဲနှင့် ဦးသန်းလုံးမောင် တဲနားမှာ ကျရောက် ပေါက်ကွဲသွားတယ်။ ဦးမောင်ဖြူကြီးက အဲ့နေရာမှာပင် သေဆုံးသွားပြီး ​ဦးသန်းလုံးမောင်၏ ညာဘက်လက်မောင်းတွင် ကျဥ်ထိမှန်၍ ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၂ရက်နေ့တွင် စစ်ကောင်စီတပ်သားများ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် မင်းဘာကြီးရပ်ကွက်မှ ပတ်မထု (ခ) ဦးသိန်းအောင်၏ ညာဘက်လက်မောင်းနှင် ညာဘက်နောက်ကျောတွင် ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့နယ် လေညှင်းသာရွာမှ အမျိုးသား ၁ ဦးသည်လည်း ပြီးခဲ့သည့်ည ၈ နာရီကျော်၌ ဦးခေါင်းတွင် ကျည်ထိ သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ