သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောနယ်တွင် ဟာမွန်းမုန်တိုင်းအရှိန်ကြောင့် ဟွန်ဒါ စက်လှေတစ်စီးရေနစ်မြုပ်၍ ပစ္စည်းတစ်ချို့ဆုံးရှူံး

ပေါက်တောနယ်တွင် ဟာမွန်းမုန်တိုင်းအရှိန်ကြောင့် ဟွန်ဒါ စက်လှေတစ်စီးရေနစ်မြုပ်၍ ပစ္စည်းတစ်ချို့ဆုံးရှူံး

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၆ ရက်

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ဘုရားချောင်းရွာထွက်ဝ ကျောက်တန်းအနီးတွင် ဟာမွန်းမုန်တိုင်းအရှိန်ကြောင့် ဟွန်ဒါ စက်လှေတစ်စီး နစ်မြုပ်သွားခဲ့ပြီး ပစ္စည်းတစ်ချို့ဆုံးရှူံးသွားကြောင်း သတင်းရရှိသည်။

လိုင်းဘုတ်ပိုင်ရှင်သည် အဖ ဦးညီအောင်ဇံ၏သား အသက် ၄၄ နှစ်အရွယ် ဦးမောင်ခိုင်ဦးဖြစ်ပြီး ဘုရားချောင်းရွာ ဇာတိဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဘုတ်ပိုင်ရှင် ဦးမောင်ခိုင်ဦး ပိုင်ဆိုင်သည့်လိုင်းဘုတ်မှ ပစ္စည်းတစ်ချို့ကို ဟွန်ဒါစက်လှေပေါ်တင်ပြီး ဖဒူသို့တင်ပို့ရာတွင် ဘုရားချောင်းရွာထွက်ဝ ကျောက်တန်းမှာ နစ်မြုပ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့အတည်ပြုပြောသည်။

“ညနေ ၄ နာရီကျော်လောက်မှာပါ၊ တစ်ခြားလိုင်းဘုတ်တစ်စီးက ပစ္စည်းတွေကို ကျနော်တို့ ဟွန်ဒါစက်လှေပေါ်တင်တယ်၊ ဖဒူကိုပို့ဖို့သွားတဲ့အခါ ဘုရားချောင်းရွာထွက်ဝနဲ့ ကျောက်တန်းအနားမှာနစ်မြုပ် သွားတာပါ “ဟု ဆိုသည်။

ဘုရားချောင်းထွက်ဝရှိ ကျောက်တန်းအနီးတွင်ရေလှိုင်းအသင့်အတင့်ရှိပြီး ၎င်းနှင့်တစ်ဆက်တည်းရှိသည့် ဖဒူကြီး၊ ဖဒူချေ၊ ဖဒူအလယ်ရွာ ချောင်းတို့တွင်တစ်ခါတစ်ခါ ရေကြီးမှုရှိကြောင်း ဒေသခံများပြောသည်။

ဟွန်ဒါစက်ပေါ် မောင်နှင်လာသည့် ဘုတ်ပိုင်ရှင် ဦးမောင်ခိုင်ဦး နှင့် ၎င်း၏အလုပ်သမား ဦးသန်းထွန်း အပါအဝင် ဖဒူအလယ်ရွာမှ အမျိုးသားတစ်ဦး ပါရှိကြောင်း သိရသည်။

စက်လှေနစ်မြုပ်ရာတွင် ပစ္စည်းတစ်ချို့ ဆုံးရှူံးမှုရှိခဲ့ပြီး လူအသေအပျောက်မရှိခဲ့ကြောင်း ၎င်း မှဆက် ပြောသည်။

“ပစ္စည်းတစ်ချို့ရလိုက်ပါတယ်၊ ကျန်တစ်ချိို့ကရေနစ်သွားတယ်၊ စက်လှေကိုလည်းပြန်ရပါတယ်၊ လူအသေအပျောက်လည်းမရှိဘူး” ဟု ဆိုသည်။

ဆုံးရှူံးသွားသည့် ပစ္စည်းအမျိးအစားမှာ စားသုံးဆီ ၅ ဂါလံတစ်ဗူး ၊ ပဲ ပိဿာ ၃၀၊ ဂျုံထုတ် ၂၀ ၊ဟင်းချိုမှုန့် အနည်းငယ်နှင့် ငါးပိ စုစုပေါင်းတန်းဖိုး ၄ သိန်းဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ဆုံးရှူံးသွားသည့်ပြည်သူ ပစ္စည်းများကို အစားထိုးပြန်လျော်ပေးခြင်း ရှိ/ မရှိ အတည်ပြုနိုင်ရန် ဘုတ်ပိုင် ရှင်ကို AB News က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလိုင်းမကောင်းသည့် အတွက် ဆက်သွယ်၍ မရနိုင်ခဲ့ပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ