Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Breaking News

Breaking News

အနောက်ပိုင်းတိုင်း စစ်ဌာနာချုပ် အမ်းတွင် ညပွဲ ရှိ၍ သေနတ်ပစ်ဖောက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရ

အနောက်ပိုင်းတိုင်း စစ်ဌာနာချုပ်တည်ရှိရာ အမ်းမြို့တွင် တပ်မတော်နေ့ (စကစ) အထိမ်းအမှတ်အဖြစ် ညပွဲ ရှိ၍ လက်နက်ကြီး၊ ငယ်များ ပစ်ဖောက်ခဲ့ခြင်းဖြစ်သည် ဟု တပ်နဲ့နီးစပ်သူများ ပြောပြချက်အရ သိရသည်။

ယနေ့ နေ့လည်ကလည်း တပ်မတော်နေ့အခမ်းအနား စစ်ရေးပြရာ၌ လက်နက်များ ပစ်ဖောက်ခဲ့ကြောင်း ၎င်းတို့ကပြောသည်။

ယနေ့ ည ၈နာရီခွဲကျော်မှ ၉ နာရီနီးပါးထိ လက်နက်များ ပစ်ဖောက်သံ ကြားလိုက်ရကြောင်း ၎င်းတို့က ပြောသည်။

ယနေ့သည် ၇၈ နှစ်မြောက် တပ်မတော်နေ့ (စကစ) အထိမ်းအမှတ်အဖြစ် နေပြည်တော်အပါအဝင် စစ်ကောင်စီ၏ တပ်ရှိရာ ဒေသအများစုတွင် စစ်ရေးပြနှင့် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-MPA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ