Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ALP စစ်ဦးစီးချုပ်အပါအဝင် ၃ဦးကို ULA/ AA မှ လုပ်ကြံပစ်သတ်ခြင်းဖြစ်ကြောင်း ALP မှထုတ်ပြန်

ABN-ရှိုင်းမိုး

ဇန်နဝါရီ ၅ ရက်

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်လောက်အချိန်တွင် စစ်တွေမြို့ ရွာသာယာအနီး င/စရိုင်းဘုန်းတော်ကြီးကျောင်းရှေ့တွင် ALP စစ်ဦးစီးချုပ်အပါအဝင် ၃ ဦးလုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ALP က ထုတ်ပြန်ပြောဆိုလိုက်သည်။

လုပ်ကြံသတ်ဖြတ်ခံရသူများမှာ ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုအလုပ်ဆောင်မှုဆောင်ကော်မတီဝင်၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၏ စစ်ဦးစီးချူပ် ဗိုလ်ချူပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ သုံးဦးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၄) ရက်၊ နံနက် (၈) နာရီကျော်တွင် စစ်တွေမြို့၌ကားဖြင့်သွားနေစဥ် ရခိုင်အမျိုးသား ULA/AA မှ အကြမ်းဖက်လုပ်ကြံသဖြင့် စီးလာသောကားပေါ်တွင် သေနတ်ဒဏ်ရာများစွာဖြင့်ကွယ်လွန်သွားခဲ့ရပါသည် ဟုထုတ်ပြန်ကြေငြာ ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ