Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲခံထားရသည့် အရပ်သား ၆ဦးကို ၉ကြိမ်မြောက်ရုံးထုတ်တရားလိုထပ်မံပျက်ကွက်

AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲခံထားရသည့် အရပ်သား ၆ဦးကို ၉ကြိမ်မြောက်ရုံးထုတ်တရားလိုထပ်မံပျက်ကွက်

ABN-ရှိုင်းမိုး

AA နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခံထားရသည့် အရပ်သား ၆ဦးကို ၉ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလိုပျက်ကွက်သည်ဟုသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကျောက်တော်မြို့နယ်တရားရုံးတွင် အရပ်သား ၆ဦးကို ရုံးထုတ်သည်ဟုသိရသည်။ ရုံးထုတ်သော်လည်း စစ်ကောင်စီဖက်မှ တရားလိုပျက်ကွက်၍ စစ်ဆေးမေးမြန်းမှုတစ်စုံတရာပြုလုပ်ခြင်းမရှိခဲ့ကြာင်းသိရသည်။

“ဘာမှမစစ်ဆေးပါဘူး၊ သူတို့ဖက်ကလည်း တရားလိုမ‌ရောက်ပါဘူး၊ ၉ကြိမ်တောင်ရှိပါပြီ၊ တရားလိုက ဘာလုပ်နေတာလဲ မသိဘူး၊ စိတ်ပျက်လည်းဘာမှမထူးပါဘူး၊ ရုံးချိန်တခေါက်ရောက်ရင် တရားလိုရောက်မရောက်ကို စစ်ဆေးနေရတာပါ၊ ဒီတစ်ကြိမ်လည်းဘာမှမထူးဘူး” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

တရားစွဲဆိုခံထားရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ‌အောင်ဖြူပြင်ရွာမှ ကိုမျိုးဦး ကျောက်တော်မြို့နယ် ဝပြန်ရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရို့ပြင်ရွာမှ ဦးသန်းစိုး၊ မြေပုံမြို့နယ် အငူရွာသစ်မှ ကိုမောင်ချေ ( ခ ) မောင်မျိုးကို နှင့် မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကျော်မောင်လင်းတို့ဖြစ်သည်။

ထို ၆ဦးမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကာလတွင်း ကျောက်‌တော်အခြေစိုက်ဖြစ်သည့် စကခ ( ၉ ) နှင့် ခမရ ( ၅၃၉ ) စစ်ဆေးရေးဂိတ်များတွင် AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာဖမ်းဆီးခံလိုက်လိုက်ရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ