Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနှင့်ဆက်စပ်သည်ဟုဆိုကာ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင် ဒုက္ခသည် အမှုအား ၇ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုမရောက်

ABN-ရှိုင်းမိုး

ကျောက်တော်မြို့မရဲစခန်းတွင် AA နှင့် ဆက်စပ်သူဟု စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကို ၇ ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလို မရောက်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသူမှာ ဦးကျော်ဟိန်းဖြစ်ပြီး ၎င်းအား ယနေ့ မွန်းတည့် ၁၁ နာရီတွင် တရားရုံး ထပ်မံထုတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးသို့ ထိုကဲ့သို ဆက်တိုက်သွားနေရသည့်အတွက်ကြောင့် ဦးကျော်ဟိန်း၏ဇနီးမှာ ခရီးစရိတ်အကုန်အကျများနေကြောင်း၊ အိမ်တွင်လည်း အဆင်မပြေမှုများရှိနေကြောင်း ပြောသည်။

“ဒီ ၁ ကြိမ်ဆိုရင် ၇ ကြိမ်ရှိပါပြီ၊ တရားလိုမရောက်ပါဘူး၊ ကျွန်မတို့က စစ်ဘေးရှောင်းစခန်းမှာနေရတာပါ၊ ရုံးကိုတစ်ခါသွားရင် ခရီးစရိတ်တွေ အရမ်းကိုကုန်ပါတယ်၊ ကျွန်မတို့ မိသားစုမှာ သူတစ်ယာက်လုပ်နေလို့ စားနေရတာပါ၊ ဒါပေမယ့် သူအခု အဖမ်းခံထားရတော့ အလုပ်လုပ်ပေးမယ့်သူလည်း မရှိပါဘူး၊ အခု ကျွန်မလည်း အလုပ်ထွက်လို့ လုပ်ချင်ပါတယ်၊ ဒါပေမယ့် ကလေးတွကိုလည်း နေ့တိုင်း ကျောင်းပို့နေရပါတယ်၊ အလုပ်ထွက်လုပ်ဖို့က အဆင်မပြေပါဘူး” ဟုပြောသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီကျော်အချိန်တွင် ဆေးကုသရာမှ မိသားစုရှိရာ စစ်ဘေးရှောင်စခန်းသို့ အပြန်လမ်းတွင် ကျောက်တော်မြို့ ထဲ၌ စစ်ကောင်စီတပ်သားများ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ဘေးရှောင် ဦးကျော်ဟိန်းမှာ ဆိုင်ကယ် အငှားမောင်းအလုပ်နှင့် ဆေးကုသပေးသည့် အလုပ်ကို လုပ်ကိုင်စားသောက်ပြီး စစ်ဘေးရှောင်စခန်းတွင် သားသမီး ၄ ယောက်နှင့်အတူ ခိုလှုံနေသူဖြစ်ကြောင့် သူ၏ ဇနီးဖြစ်သူက ပြောသည်။

“ကျွန်မတို့က ဆိုင်ကယ် ကယ်ရီမောင်းစားပါ၊ ပြီးတော့ လူနာတွေကို ဆေးပတ်ထိုးပါတယ်၊ သူ အဖမ်းခံရတဲ့ည ကလည်း လူနာကြည့်လို့ ပြန်လာတာပါ၊ အဲဒီကြားက အဖမ်းခံလိုက်ရတာပါ” ဟုပြောသည်။

ဦးကျော်ဟိန်းကို လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထပ်၍ ရုံးချိန်လိုက်သည်ဟု သိရသည်။

၎င်းတို့မှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကာင်စီတပ်တို့ကြား တကျော့ပြန်တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် မီးဝရွာမှ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်နေကြခြင်းဖြစ်သည်။

AAနှင့်ဆက်စပ်သည်ဟုဆိုကာ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် စစ်ဘေးရှောင် ဒုက္ခသည် အမှုအား ၇ ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုမရောက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ