Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AAနန့်ဆက်စပ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခံထားရသော တောင်ကုတ် ဒေသခံ ၆ ဦး ထောင်ဒဏ် ၄ နှစ်စီချမှတ်ခံရ

AAနန့်ဆက်စပ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခံထားရသော တောင်ကုတ် ဒေသခံ ၆ ဦး ထောင်ဒဏ် ၄ နှစ်စီချမှတ်ခံရ

ABN-ရှိုင်းမိုး

ဇူလိုင် ၁၂ရက်

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးတရားစွဲခံထားရသည့်တောင်ကုတ်ဒေသခံ ၆ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးက ဇူလိုင်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ်ချခံရသူများမှာ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ဖောက်ကျေးရွာမှ ဦးကျော်တင်အောင်၊ ဦးထွေးမောင်၊ ကိုနေရဲဝင်း၊ မအီမြို့မှ ဦးမောင်ကြီး၊ ဦးမောင်ငယ်တို့ဖြစ်ကြသည်။

ထိုတောင်ကုတ်ဒေသခံ ၆ ဦး၏အမှုကို ဇူလိုင်လ ၁၁ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ပြစ်မှုထင်ရှားသည်ဟုဆိုကာ တောင်ကုတ်မြို့နယ်တရားသူကြီးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ဈ) ဖြင့် ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ၂၀၂၀ ခုနှစ်၊ ဧပြီလကပင် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်အနောက်တောင် တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ခလရ(၂၇)မှ အရာရှိတစ်ယောက်နှင့် ခလရ(၅၁)မှ အရာရှိတစ်ယောက်က မတရားသဖြင့် လုပ်ကြံ တရားစွဲဆိုထားခဲ့ပြီး ၃ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရကာ ဇူလိုင်လ ၁၁ ရက်နေ့ကမှ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

Photo-APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ