Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်း-တပ်တောင် ကားလမ်းတလျှောက် ၇၅ ပေ ဧရိယာအတွင်းမှ နေအိမ်များကို လမ်းဦးစီးဌာနမှ ဖယ်ရှားခိုင်းသည်ကို ဖယ်ရှားပေးရန်မဖြစ်နိုင်ကြောင်း ဒေသခံများ ဝေဖန်ပြောဆို

အမ်း-တပ်တောင် ကားလမ်းတလျှောက် ၇၅ ပေ ဧရိယာအတွင်းမှ နေအိမ်များကို လမ်းဦးစီးဌာနမှ ဖယ်ရှားခိုင်းသည်ကို ဖယ်ရှားပေးရန်မဖြစ်နိုင်ကြောင်း ဒေသခံများ ဝေဖန်ပြောဆို

ABN-ရာဟု

ဇူလိုင် ၂၂ရက်

ရခိုင်ပြည် အမ်းမြို့နှင့် တပ်တောင်မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းမဘေး တစ်ဖက်စီတွင်နေထိုင်သူများကို ဇူလိုင်လ ၂၀ ရက်နေ့နောက်ဆုံးထားကာ ဧရိယာအတွင်း ပါဝင်သော နေအိမ်များကို ဖယ်ရှားပေးရန် လမ်းဦးစီးဌာနက အကြောင်းကြားထားသော်လည်း ယနေ့ အချိန်အထိ ​ဖယ်ရှားပေးခြင်းတစ်စုံတစ်ရာ မရှိသေးသလို ဖယ်ရှားပေးရန် မဖြစ်နိုင်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်ကိုတွေ့ရသည်။

ဘိုဘွားလက်ထက်ကတည်းက နေလာသည့် မြေနေရာဖြစ်သည့်အတွက် ဖယ်ပေးခြင်း ပြောင်းပေးခြင်းမျိုးကို မပြုလုပ်နိုင်ကြောင်း တပ်တောင်မြို့ အမှတ် ၂ ရပ်ကွက်မှ အမည်မဖော်လိုသူ အမျိုးသမီး ၁ ဦးက ABN သို့ ပြောသည်။

“လမ်းဧရိယာမှာ ပါတယ်ဆိုပြီး ဖယ်ခိုင်းတယ်၊ ဒီနေရာမှာ ဘိုးဘွားလက်ထက်ကတည်းကနေလာတာ၊ခုမှလာ နေထိုင်တာလည်း မဟုတ်ဘူး၊ ကလေးဘဝကတည်းက နေထိုင်တဲ့ နေရာကို ဖယ်ပေးစရာ အကြောင်းမရှိပါဘူး” ဟုပြောသည်။

လက်ရှိ မြေနေရာတွင် ဘိုးဘွားလက်ထက်ကတည်းက နေထိုင်လာသည့် နေရာဖြစ်ပြီး လမ်းဥပဒေမှာ ၂၀၁၅ခုနှစ်ကမှ အသစ်ပြဋ္ဌန်းလိုက်ခြင်းဖြစ်ရာ ခုလမ်းဥပဒေအတိုင်းဆိုလျှင် လမ်းတလျောက်တွင်ရှိနေသည့် နေအိမ်များစွာ ဖြိုချဖျက်ဆီးခံရနိုင်ပြီး ၎င်းနေအိမ်များမှာ ဘိုဘွားပိုင်မြေနေရာများသာဖြစ်ကြောင်း ဂါယ်လောင်း ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

“ခုဟာက အကုန်ဖြိုဖျက်ရမှာဘဲ၊ ဘယ်မှာသွားနေမလဲ၊ အဲဥပဒေက၂၀၁၅မှ ပြဋ္ဌန်းတာ ကျနော်တို့ ဘိုးဘွားလက်ထက်ကတည်းကနေလာတာ၊ လမ်းတလျောက် နေအိမ်တွေအကုန်ဖြိုရရင် ဘယ်မှာနေရမလဲ” ဟု ပြောသည်။

အမ်းမြို့နယ်လမ်းဦးစီးဌာနမှ နေအိမ်များကို ဖယ်ရှားပေးရမည်ဟု သတိပေးအကြောင်းကြားစာများ ပေးပို့ထားသော်လည်း ယနေ့အထိ ဒေသခံများကလည်း ပြောင်းရွေ့မပေးကြသေးသလို အမှန်တကယ် ဖယ်ရှားရပါက အစ်ိုးရပိုင်မြေနေရာတစ်ချို့ပါ လမ်းမြေနေရာတွင် ပါဝင်နေသည်ဟု တပ်တောင်မြို့မှ အမည်မဖော်လိုသူ ရပ်ကွက်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“သူတ်ို့ပြောသလို ၇၅ပေဆို သူတို့ ဌာနရုံးတွေလည်းမလွတ်ပါဘူး၊ လမ်းတလျောက်ရှိ ရွာတွေလည်းတစ်ခုမှ လွတ်မှာမဟုတ်ဘူး” ဟု ပြောဆိုသည်။

အမ်း-တပ်တောင် လမ်းတလျောက်တွင်ရှိသည့် င,ရုပ်တောင်၊ စိန်ပိုက်၊ မွန်လှ၊ နွန်ကျော်၊ တိုက်မော်၊ စခန်းမော်၊ ဂါယ်လောင်း၊ လုံးရွာ စသည့် ကျေးရွာများမှ နေအိမ်များအပြင် တပ်တောင်မြို့ အမှတ် ၁၊ ၂၊၃ ရပ်ကွက်များမှ နေအိမ်၊ ရေကန်များ ၊ စာသင်ကျောင်းများနှင့် ဘုန်ကြီးကျောင်းများအပါအဝင် စုစုပေါင်း ၃၀၀နီးပါးခန့် ဖယ်ရှားပေးရမည်ဟု သိရသည်။

အမ်း-တပ်တောင် လမ်းမကြီး ဧရိယာတလျှောက်လမ်း ဘေးတစ်ဖက်စီ မှ ၇၅ ပေ ဧရိယာအတွင်းရှိနေသည့် နေအိမ်များအားလုံးကို ဖယ်ရှားပေးရန် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဖြိုးအောင် လက်မှတ်နှင့် ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်လာခြင်းဖြစ်သည်။

ဓာတ်ပုံ-အမ်း-တပ်တောင်ကြားရှိ ကားလမ်းဘေးတွင် တွေ့ရသည့် နေအိမ်များ/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ