Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

သံတွဲအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၇ရက်

ရခိုင်ပြည်ရှိ သံတွဲအကျဥ်းထောင်ထဲတွင် နိုင်ငံရေးအကျဥ်သားများ လူ့အခွင့်ရေးချိုးဖောက်ခံနေရသည်ဟုစုံစမ်းသိရှိရသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ်နှောင်းပိုင်းအတွင်းဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း အပြစ်မဲ့အရပ်သား ရခိုင်ဒေသခံများကို AAနဲ့ဆပ်စပ်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပြီး အချို့ကို PDF အဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။

သံတွင်တွင် PDF အဖွဲ့နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူများထဲတွင် ပါတီနိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သူ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်လည်းပါဝင်သည်။

သံတွဲအကျဥ်းထောင်အတွင်း သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်အပါဝင် နိုင်ငံရေးအကျဥ်းသားများ လူအခွင့်ချိုးဖောက်ခံနေကြရသည်ဟု မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ABN သို့ပြောသည်။

ကိုစိန်ချစ်သည် အစာအိမ်ရောဂါနှင့် မျက်လုံးဝေဒနာရောဂါများကို ခံစားနေရပြီး ဆေးကုသခွင့်မရရှိသည့်အပြင် ကိုဗစ်ကိုအကြောင်းပြပြီး မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ခံထားရသည်ဟုသိရသည်။

ကိုစိန်ချစ်သည် အစာအိမ်ရောဂါနဲ့ မျက်လုံးဝေဒနာကိုခံစားနေရသော်လည်း ဆေးကုသခွင့်မပေးပါက ဘာမှလုပ်နိုင်မှာ မဟုတ်ကြောင်း ထောင်မှူး ကျော်ကျော်နိုင်မှ ပြောကြားသည်ဟု စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကိုစိန်ချစ်အခု အစာအိမ်ဖြစ်နေတယ်၊ နောက်ပြီး မျက်လုံးလည်းနေမကောင်းဘူး၊ ဆေးခန်းပြဖို့လိုအပ်နေတယ်၊ ကျွန်နော်တို့ခွင့်မပြုရင် ဘာလုပ်နိုင်မှာလဲ၊ ဘာမှလည်း ဟုတ်တာမဟုတ်ဘူး” ဟု သံတွဲအကျဥ်းထောင်မှ ကျော်ကျော်နိုင်ကပြောကြောင်း ဆိုသည်။

နိုင်ငံရေးအကျဥ်သားများသည်လည်း လူ့အခွင့်အရေးရပိုင်ခွင့် လုပ်ပိုင်ခွင့်ရှိပြီး အကျဥ်သားဆိုင်ရာဥပဒေစာအုပ်ထုတ်ပြန်နိုင်သော်လည်း ထောင်မှူးတစ်ယောက်က ထိုဥပဒေကိုလေးစားလိုက်နာဖို့လိုအပ်သည်ဟု ရခိုင်လူ့အခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြထွန်းကပြောသည်။

“အကျဥ်သားမှာ အကျဥ်သားအခွင့်ရေးရှိတယ်၊ အကျဥ်သားတစ်ယောက်လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်ရှိတယ်၊ အကျဥ်းသားဆိုင်ရာ ဥပဒေစာအုပ်ကိုလည်း လူ့အခွင့်ရေးမှာထုတ်ပြန်လို့ရှိတယ်၊ ဘာပဲဖြစ်ဖြစ် ထောင်မှူးတစ်ယောက်က အဲဒီဥပဒေကို လိုက်နာပြီးလုပ်ဆောင်ပေးဖို့လိုအပ်တယ်၊ မလိုက်နာဘူးဆိုရင် လူ့အခွင့်ရေးကို ပြည့်ပြည့်ဝဝ ကျူးလွန်ရာရောက်တယ်” ဟုပြောဆိုလိုက်သည်။

ထို သံတွဲအချုပ်ထောင်ထဲတွင် မျက်စိဝေဒနာခံစားနေရသည့် နောက်ထပ် နိုင်ငံရေးအကျဥ်သားများလည်း လူ့အခွင့်ရေးချိုးဖောက်ခံနေကြရပြီး အသက်ကြီးပိုင်အကျဥ်သားများသည် မျက်စိနေမကောင်း၍ ဆေးခပ်၍ နေကြရသည် ဟု နိုင်ငံရေးအကျဥ်သားဟောင်းတစ်ဦးကပြောသည်။

“သံတွဲထောင်မှူးက အရမ်းဆိုးတယ်၊ ရခိုင်သားဖြစ်ပြီး စာနာစိတ်မရှိဘူး၊ မျက်စိနေမကောင်းတဲ့သူတွေအများကြီးရှိတယ်၊ သူတို့ကိုဆေးကုသခွင့်မပေးဘူး၊ မိသားစုနဲ့လည်းတွေ့ခွင်မပေးဘူး၊ ကိုဗစ်ကိုအကြောင်းပြပြီး ပိတ်ပင်ထားတယ်၊ သူတို့တွေ ဆေးခတ်ပြီးနေကြရတယ်၊ အရမ်းသနားစရာကောင်းတာ၊ သံတွဲထောင်ကပိုဆိုးတယ်” ဟုပြောသည်။

သံတွဲထောင်မှူးမှာ ရခိုင်ပြည် ဂွမြို့မှ ဦးအောင်သန်းမြင့်ဖြစ်ကြောင်းသိရသည်။

ထိုထောင်မှူးသည် စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော စသည့်နေရာဒေသများမှ အကျဥ်သားများကို တောင်ပိုင်မြောက်ပိုင်ခွဲခြားဆက်ဆံပြီး လူ့အခွင့်ရေးချိုးဖောက်နေကြောင်းသိရှိရသည်။

ထောင်မှူးတစ်ယောက်အနေ့နဲ့ အခုလိုခွဲခြားဆက်ဆံခြင်းသည် စိတ်ဓာတ်ညံ့ဖျင်းတာနဲ့တူကြောင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြထွန်းက ဆက်လက်ပြောကြားသည်။

“ဒါက ထောင်မှူးတစ်ယောက်အနေ့နဲ့မလုပ်သင့်ဘူး၊ ထောင်မှူးတစ်ယောက်အနေ့နဲ့ ပြည်သူအပေါ် သနားညာတာမှုရှိဖို့လိုအပ်တယ်၊ တောင်ပိုင်း၊ မြောက်ပိုင်း ကျောသား၊ ရင်သား မခွဲခြားဘဲ ကူညီစောင့်ရှောင်ဖို့တာဝန်ရှိတယ်၊ အခုလိုခွဲခြားဆက်ဆံတာက စစ်ကောင်စီသွေးထိုးလှုံးဆော်ခြင်းခံရတာနဲ့အများကြီးဆိုင်တယ်၊ နောက်ပြီး ကိုယ်တိုင်လည်း စိတ်ဓာတ်ပိုင်ဆိုင်ရာ ညံ့ဖျင်းတာနဲ့တူတယ်” ဟုဆိုသည်။

ကိုစိန်ချစ်သည် လှုမှုရေးတတ်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ANP ပါတီမှာတာဝန်ရှိသည့်လူတစ်ဦးလည်းဖြစ်သောကြောင့် ကိုစိန်ချစ် ကျန်းမာရေးအခြေနေကို သံတွဲတွင်ဖြစ်စေ စစ်တွေတွင်ဖြစ်စေ၊ ရန်ကု​န် တွင်ဖြစ်စေ ဆေးကုသပေးဖို့ အထက်ကအကျဥ်းဦးစီးသံချုပ်ကို အကြောင်းကြားစေချင်သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် အချုပ်သားများအား ရုံးထုတ်ရာ၌ ကိုဗစ်ကို အကြောင်းပြကာ တစ်ခါသုံး PPE ဝတ်စုံများကို အထပ်အထပ်အခါခါ ဝတ်ခိုင်းပြီး ရုံးထုတ်လေ့ရှိကြောင်း သိရသည်။

ကိုစိန်ချစ်အား ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ရက်နေ့ ည ၁၀ နာရီလောက်အချိန်က ရဲတပ်ဖွဲ့ဝင်များက ၎င်းနေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကိုစိန်ချစ်မှာ PDF အဖွဲ့ဝင်တစ်ဦးက သူ့နာမည်ကိုထွက်ဆိုသောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ရခိုင်တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဥ်သား ၁၀၀ ကျော် ရှိနေသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ