Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲသို့ စစ်ကောင်စီ စစ်သားအင်အား ၂၀၀ ကျော် ပို့

ABN- ထက်မြတ်ခင်

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား အပစ်အခတ်ရပ်စဲထားသည်မှာ နှစ်လနီးပါး ကြာလာသည့်ကာလအတွင်း စစ်ကောင်စီတပ်မှ ရခိုင်ပြည်အနှံ့တွင် အင်အားဖြည့်တင်းမှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်းသိရသည်။

ယနေဇန်နဝါရီလ ၂၄ရက် နံနက်အချိန်တွင်ရခိုင်ပြည်တွင် ပင်လယ်ပြင်ဖက်မှလာသည့် စစ်ကောင်စီနေဗီတစ်စီးသည် တောင်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းသို့ရောက်လာပြီး ၎င်းနေဗီတွင် စစ်သားအင်အား၂၀၀ကျော်ခန့်ပါရှိသည်ဟု မျက်မြင်တစ်ဦးပြောကြားချက်အရသိရသည်။

“အဲဒီနေဗီဘယ်နေရာက လာတယ်ဆိုတာ ကျွန်တော်တို့လည်းအတိကျမသိပါဘူး ဒါပေမဲ့ ပင်လယ်ပြင်ဘက်ကလာတယ်ဆိုတာကိုတော့သိရပါတယ် လူအင်အားက ၂၀၀ကျော်ခန့်လောက်ပါသည်”ဟုပြောသည်။

ထိုနေဗီထဲတွင်ပါလာသည့် စစ်သားအင်အား ၂၀၀ကျော်ကိုလည်း ယနေ့သံတွဲမြို့ဖက်မှလာသည့် စစ်ကား၁၅နှင့် တင်ယူသွားခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“စစ်သားတွေကိုတော့ သံတွဲကလာတဲ့ စစ်ကား၁၅စီးနဲ့ လာတင်ခဲ့တာပါ၊ အဲအထဲက ကား ၉ စီးထဲမှာတော့ စစ်သားအင်အား၁၆၀ ကျော်လောက်တင်သွားတာကို တွေ့ခဲ့ပါတယ်၊ ကျန်တဲ့ကားတွေမှာတော့ ဘာမှ တင်သွားတာမရှိပါဘူး” ဟုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁နေ့ရက်နေ့ကလည်း စစ်ကောင်စီနေဗီ ၂စီးဖြင့် စစ်သားအင်အားနှင့် ရိက္ခာများကို စစ်တွေရွှေမင်းဂံရေတပ်မှ မင်းပြားဖက်သို့ပို့‌ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့က သံတွဲမြို့သို့ မင်းအောင်လှိုင်ရောက်ခဲ့ပြီး ရေပြင် အခြေအနေများကိုပါ လေ့လာခဲ့သည်ကိုတွေ့ရသည်။

ထို့အပြင် ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ၂၀၂၂ နှောင်းပိုင်း တကျော့ပြန် တိုက်ပွဲများအပြီးတွင် စစ်ကောင်စီတပ်သည် ရိက္ခာနှင့် စစ်သားများအား ပို့ဆောင်ရာတွင် ရဟတ်ယာဥ်နှင့် စစ်တပ်သုံးနေဗီများကို အသုံးပြုလာသည်ကိုတွေ့ရသည်။

သံတွဲသို့ စစ်ကောင်စီ စစ်သားအင်အား ၂၀၀ ကျော် ပို့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ